Part-14

948 172 42
                                    

အခန်း-၁၄

ကျွန်တော်အော်မေးလိုက်တော့ ဦးစစ်က အအော်ခံရတာကော အဲဒီမေးခွန်းကြောင့်ပါ ခဏလောက် ကြောင်အသွားတယ်။

ကျွန်တော်ကတော့ ဘာလို့များ စိတ်မထိန်းနိုင်ဘဲ မေးလိုက်မိတာလဲ ဆိုတာကို ကိုယ့်ဖာသာနဲ့ကိုယ် လဲသေချင်နေတယ်။ ဦးစစ်လောက် ဆက်စပ်တွေးခေါ်နိုင်စွမ်းမြင့်တာ ဦးစစ်ပဲ ရှိတာ။

ကျွန်တော်က ပြန်ရှင်လာတယ် ဆိုတာ သိရင် အပတွေ ဘာတွေ နှင်တာမျိုး လုပ်လေမလားမသိဘူး။ ဘယ်လိုပဲ ကျွန်တော့်ခန္ဓာကိုယ်နဲ့ ကျွန်တော် ဆိုပေမဲ့ ကျွန်တော်က အချိန်မှားပြီးတော့ ပြန်ဝင်လာတာလေ ဖြစ်နိုင်တာက အပနှင်လိုက်လို့ ပြန်ထွက်သွားရရင် ကျွန်တော် ဘယ်လို လုပ်ရမလဲ။

လေလွင့်ဝိညာဉ်ဖြစ်သွားမှာလား။ ကျွန်တော် ဦးစစ်ကိုပဲ စွဲနေပြီးတော့ ဂုတ်ခွစီးထားဖို့က ရာခိုင်နှုန်းပိုများနေတဲ့ပုံပဲ။

ဦးစစ်က အတော်ကြာကြာထိ ငြိမ်သက်နေပြီးတော့မှ ရေရွတ်ပြီးတော့ ပြောလာတယ်။

“ငါက မင်းကို သေနတ်နဲ့ တစ်ခါမှ မပစ်ဖူးပါဘူး..”

ကျွန်တော် ခေါင်းလည်း မယမ်းမိဘူး။ ခေါင်းလည်း မညိတ်မိဘူး။ အခုမပစ်သေးတာ နောက်ကျရင် ပစ်မှာ။

“အဲဒါ..”

ဦးစစ်က ကျွန်တော့်အတွေးတွေလို့ ထင်မြင်သွားတဲ့ပုံပဲ။ သူ့ဖာသာ တစ်ခုခုကို ဆက်စပ်တွေးလိုက်ပြီ နေမှာ။

“မင်းစိတ်ထဲမှာ ငါက မင်းကို သတ်မယ်လို့ တစ်ချိန်လုံး ရှိနေတာလား အဲဒါနဲ့ပဲ ငါ့ဆီကနေ တခြားစီကို ထွက်ပြေးဖို့ ကြိုးစားနေတာလား”

ဦးစစ်က အကြီးအကျယ် ရှော့ခ်ရနေတဲ့ပုံနဲ့ သူ့ဖာသာသူ လက်ကာပြတယ်။ ပြီးတော့ ဆိုဖာမှာ သွားထိုင်တယ်။ ပုလင်းတွေ ခွက်တွေကို စားပွဲပေါ်ကို ရောက်ချင်ရာရောက် ပစ်တင်လိုက်တယ်။

ရှန်ပိန်ပုလင်းက လဲသွားပြီးတော့ ခင်းထားတဲ့ ကောဇောမှာ ဖျောခနဲ ကျသွားတယ်။ ပြီးတော့ တစ်စက်တစ်စက် ကျဆင်းနေတယ်။

ကျွန်တော်က အခုလည်း ဝန်မခံသလို ဘယ်လို ထင်မြင်ချက်မျိုးကိုမှ မပြောမိဘူး။

မင်းကို မချစ်တော့ဘူး ဆိုတာ ငါညာတာ/မင်းကို မချစ်တော့ဘူး ဆိုတာ ငါညာတာWhere stories live. Discover now