ဒီတစ်ခါလည်း ကိုယ် အယောက် ၃၀ ပြည့်ရင် update တင်ပေးမယ်နော်။ ကိုယ်မျှော်နေမယ်နော်။ သိတယ် ဟုတ်။
အခန်း-၆
ဦးစစ်ဆီကနေ ပြန်ရောက်လာပြီးတော့ သူ့ကို အိမ်ပြန်ခိုင်းမယ်လို့ ထင်ခဲ့တယ်။ တကယ်လည်း ပြန်ခိုင်းခဲ့ပါတယ်။ ကျွန်တော်က နောက်ထပ် ခရီးသွားဖို့ ပြင်နေမှန်းလည်း သိလိုက်ရော သူကိုယ်တိုင် ရောက်လာပြီးတော့ သူ့အိမ်တော်ကို ဂုတ်ကနေ ဆွဲခေါ်သွားတော့တာပဲ။
ဦးစစ်က လူကြည့်တော့တာ ပန်းသွေးထပြီး နုနယ်သလို ထင်ရတာ ဖြစ်တယ်။ ကျွန်တော့်ကို ထိုးကြိတ် ကန်ကျောက်ပစ်လိုက်တာ ကျွန်တော့်မျက်နှာက အညိုအမဲစွဲရောပဲ။
သူ့ကို ပြန်မထိုးရဲတဲ့ ကျွန်တော်ကလည်း ထိုးသမျှ ကန်သမျှ စိတ်ကျေနပ်တဲ့အထိ ပေပြီးတော့ ခံနေတော့တာပေါ့။ ဘာတတ်နိုင်မှာလဲ။
မချိမဆန့် နာနေတဲ့ကြားက ဦးစစ်လက်သီးနဲ့ ထိတွေ့မိသမျှ ရင်ခုန်ပါတယ် ဆိုတာမျိုး ဦးစစ် သိသွားမှာကို ဖုံးဖိပြီး ခေါင်းငုံ့နေရသေးတယ်။ မဟုတ်ရင် အထိုးခံနေရတဲ့အချိန် ပြုံးနေမိတဲ့ မျက်နှာကို တွေ့သွားမဲ့ ဦးစစ်ရဲ့ ဒေါသကို ဆက်တောင်မတွေးရဲဘူး။
ထားလိုက်ပါတော့လေ။ ဦးစစ် တကယ် စိတ်တိုလာပြီးတော့ သေနတ်ဆွဲမထုတ်တာကပဲ အတော်လေး ကံကောင်းနေလှပါပြီ။ သုံးလေးချက်လောက် အထိုးခံရတာက ဘာမှမပြောပလောက်ပါဘူး။
ခက်သွားတာက ကျွန်တော့်မှာ ထွက်ပြေးဖို့ အခွင့်အရေး မရှိတော့တာပဲ ဖြစ်တယ်။ ပြဿနာက..။
"မင်း ငါ့နောက်ကို ဒီအတိုင်း မလိုက်နေလို့ ရမလား စိုင်းလွန်း.. ငါ ခြံကို ဒီအတိုင်း ကျော်တက်သွားချင်ရင်တောင်မှ မလွယ်ဘူး"
ကျွန်တော့်အနားမှာ သောကမဟုတ်ရင် စိုင်းလွန်းက ရှိနေတတ်တယ်။ ပြီးတော့ ခြေငါးလှမ်း အကွာမှာ။
"အစ်ကိုလေးသာ ခြံဝန်းထဲကနေ ထွက်သွားနိုင်ရင် ဦးစစ်က ပြောတယ်။ ကျွန်တော့်ကို လက်ချောင်းတွေ ဖြတ်ပစ်လိုက်မယ်တဲ့"
"အဲဒါဆိုလည်း နည်းနည်းလောက် ခွာပြီးမှ နေပါလား"
"ဒီနေ့ ဦးစစ်က အစ်ကိုလေးအတွက် ဆရာဝန် ရှာပေးမယ်လို့ ကြားတယ်။ ပြီးတော့ ကျောက်အလဲအလှယ်ကိစ္စ ဖြေရှင်းပြီးတာနဲ့ အစ်ကိုလေးကို ဆရာဝန်နဲ့ ဆုံပေးမယ်လို့ ပြောတယ်"
YOU ARE READING
မင်းကို မချစ်တော့ဘူး ဆိုတာ ငါညာတာ/မင္းကို မခ်စ္ေတာ့ဘူး ဆိုတာ ငါညာတာ
Romanceလူဆိုးလေးတစ်ယောက်ရဲ့ မျိုသိပ်နိုင်မှု။ "ဦးစစ် ကျွန်တော့်ကို မယုံဘူး ဆိုရင် ဘာလို့ အနားကို ပြန်လာခဲ့ပါလို့ ပြောခဲ့သေးလဲ" အမှန်အတိုင်း ပြောရရင် အခုအချိန်မှာ ကျွန်တော်က သူ့ခေါင်း မော့လှန်လာအောင် ဒီလူရဲ့ဆံပင်ကို ဆွဲလှန်ပစ်လိုက်ပြီးမှ နမ်းပစ်လိုက်ချင်တာ...