အပိုင်း(2) uni+zawgyi

11.9K 734 185
                                    

ဆေးရုံစရိတ်တွေကိုရှင်းပေးပြီး လိုအပ်တာတွေဝယ်ကာ
သတိမလည်သေးတဲ့ကောင်လေးအနားကိုပြန်လာခဲ့လေ၏ ။

သူ ဘယ်လောက်တောင်အသိစိတ်ပျောက်ပြီး
ကြမ်းတမ်းခဲ့သလဲဆိုတာ ကောင်လေးအခြေနေကြည့်ပြီး သိနိုင်လေသည် ။

" အား လူယုတ်မာ ဟင့် မလုပ်နဲ့ မလုပ်နဲ့ အားး "

ရုန်းရင်းဆန်ခတ်အခြေနေနဲ့အတူ နိုးထလာသော မင်းမြတ်ကုဋေကုဋာ တစ်ယောက် ညကအဖြစ်အပျက်ကြောင့် သူ့ ကိုယ်ခန္ဓာကိုယ် တစ်ခုလုံး နာကျင်နေတာကို ခံစားလိုက်ရလေသည်။

" ကောင်လေး သတိရလာပြီးလား ရေသောက်လိုက်အုန်း "

" ခင်ဗျား "

မထင်မှတ်ဘဲသူ့ရှေ့မှာပေါ်လာသော ခေါင်ခိုက်မဟာ တစ်နည်းအားဖြင့် သူ့ရဲ့ဘဝကို ဖျက်ဆီးခဲ့တဲ့သူ ပေါ့။

" ခွမ်းး "

ခေါင်ခိုင်မဟာကမ်းပေးလာသော ရေကို လက်ဖြင့် ပုတ်ချလိုက်ကာ ဆေးသွင်းထားသောပိုက်ကို ဆွဲဖြုတ်ပြီး ကုတင်ပေါ်က ဆင်းဖို့အလုပ် အလိုကျမသျိသော ကိုယ်ခန္ဓာလေးက
အောက်မှာ ပုံလျက်သားလဲကျသွားလေတော့သည်။

"အား ချီးပဲ"

သူ့ကိုယ်သူအလိုမကျဟန်ဖြင့် ဒေါသထွက်ကာ အတင်းထဖို့လုပ်နေတဲ့ မင်းမြတ်ကုဋေကုဋာ ကိုခေါင်ခိုက်မဟာလည်း ပွေ့ချီကာ ကုတင်ပေါ်ပြန်တင်ပေးလိုက်လေ၏ ။

" ခင်ဗျား ဘာလုပ်တာလဲ "

" ငြိမ်ငြိမ်နေ ကိုယ်မင်းကိုဘာမှမလုပ်ဘူး ညကအကြောင်းကို
ပြောကြရအောင် "

တည်ငြိမ်သောမျက်ဝန်းတွေဖြင့် သူ့ကိုကြည့်ကာ ခပ်တည်တည်လေးသာ ပြောလိုက်သော ခေါင်ခိုက်မဟာကြောင့်
လူကခဏတာ တွေဝေသွားခဲ့လေသည် ။

" ကိုယ်ကတော့ မင်းကိုစွဲလန်းတယ် မြတ်နိုးမိတယ် မင်းရဲ့ အထိတွေ့လေးတွေ မင်းရဲ့ ဆွဲဆောင်မှု ရှိတဲ့ညကပုံရိပ် လေးတွေက ကိုယ့်ကို ကွေးအောင် လုပ်နိုင်တယ် "

နီးကပ်နေသော အခြေနေတစ်ရပ်မှာပင်မင်းမြတ်ကုဋေကုဋာ
ရဲ့ ပါးလေးကို သူ့ရဲ့လက်ချောင်းလေးတွေဖြင့် ပွတ်သပ်ကာ
ထိတွေ့နေသော ခေါင်ခိုက်မဟာရဲ့ လက်ကို ပုတ်ချလိုက်ပြီး မျက်စောင်းလေးဖြင့်ကြည့်လိုက်လေ၏ ။

ခေါင်ခေါ်ဆောင်ရာ လိုက်ခဲ့မယ်Where stories live. Discover now