"ဟင့် "
ပိုင်စ်ိုးလင်းတစ်ယောက် သူ့ကိုကိုဆူတာကို မငိုဘူးလို့ကြိတ်ကာ တင်းခံထားသော်လည်း ရင်ထဲကို လှိုက်ဖိုတက်လာသော ခံစားချက်တွေကို မထိန်းနိုင်တော့ဘဲ မျက်ရည်ကျမိပြန်လေသည်။
သူ့ရှေ့က ရှိက်သံထွက်နေသော ပိုင်စိုးလင်း ကိုကြည့်ပြီး အောင်ကျော်ကျော် တစ်ယောက် ဆက်ပြီးမပြောတော့ဘဲ သက်ပြင်းချလိုက်ကာ ပိုင်စိုးလင်း လက်ကို ဆွဲကာ သူ့နားနေခန်းထဲကို ခေါ်သွားလေ၏ ။
" ကိုကို "
နားနေခန်းထဲရောက်တော့ အောင်ကျော်ကျော် တစ်ယောက် ပိုင်စိုးလင်း ကိုရင်ခွင်ထဲ ဆွဲသွင်းကာတင်းကျပ်အောင်ဖက်ထားလိုက်တော့သည်။
" baby ကိုက်ိုတောင်းပန်ပါတယ်နော် နောက်တစ်ခါ လေ ကိုကို baby ကိုမဆူတော့ဘူးနော် "
ပိုင်စိုးလင်း တစ်ယောက် သူ့ကိုတင်းကျပ်အောင်ဖက်ထားပြီး တောင်းပန်နေသော ကိုကို ကိုသူစိတ်မဆိုးရက်ပေ။
" ဟင့် ကိုက်ိုတစ်ကယ်ပြောတာနော် နောက်တစ်ခါဆူရင်
စိတ်ကောက်မှာနော် "
" ဟုတ် ပါပြီးဗျာ "
အခန်းငယ်လေးထဲက အဖြူရောင်လောကုတ်ဝတ်ဆင်ထားသော ကောင်လေးနှစ်ယောက်ရဲ့ အချစ်ရနံ့လေးတွေက လေထုထဲကို ချိူမြိန်သွားကာနေလေတော့၏ ။
တစ်ဖက်မှာတော့ အခါးသတ်တွေ ရောယှက်နေတဲ့ လေထုကြီးကို ခေါင်ခိုက်မဟာ တစ်ယောက် ရှုရှိက်နေရလေသည် ။
ဘယ်လိုလုပ်မှ မင်းမြတ်ကုဋေကုဋာရဲ့ အချစ်ကိုသူရမည်နည်း ။
သို့ပေမဲ့လည်း ခေါင်ခိုက်မဟာ ဟာလွယ်လွယ်ကလေး နဲ့
လက်လျှော့တတ်သူမဟုတ်ပေ။
အခုလည်း ပါးဖောင်းဖောင်းလေးဖြင့် တစ်ညက်ညက်ဝါးကာ စားနေသော မင်းမြတ်ကုဋေကုဋာ ရဲ့မျက်နှာလေးကို ကြည့်ကာ ကြည်နူးနေရပြန်လေ၏ ။
" ကလေး ထမင်းစားနေတာလား "
" မဟုတ်ဘူး ကျွန်တော်ရေသောက်နေတာ "
ထမင်းစားနေတာကို ရေသောက်နေတာလို့ ပြောလိုက်တဲ့
မင်းမြတ်ကုဋေကုဋာ ကြောင့် ခေါင်ခိုက်မဟာ တို့ နားလည်လိုက်ပါပြီး ဒီကောင်လေး သူ့ကို အရွဲတိုက်နေတယ်ဆိုတာ။
VOUS LISEZ
ခေါင်ခေါ်ဆောင်ရာ လိုက်ခဲ့မယ်
Roman d'amourအသုံးနှုန်းများကြမ်းနိုင်ပါသဖြင့်18နှစ်မပြည့်သူများ 18ခါမဖတ်ကြဖို့ ကျွန်တော်တောင်းဆိုပါတယ်
