အပိုင်း(23)uni+zawgyi

3.5K 133 6
                                    

" ဘာ  ဒီဇိုင်းတွေအခိုးခံလိုက်ရတယ် ဟုတ်လား "

ညကကလေးကြောင့်အခန်းရှင်းပြီးမှ အိပ်ရသောကြောင့်
လူကအိပ်ရေးမဝစိတ်မကြည်ဘဲ Comapny ဘက်ကို
ခြေဦးတည်လာခဲ့လေသည်။

ဒီနေ့အရေးကြီးဧည့်သည်နှင့်ချိန်းဆိုထားသောကြောင့်ပျက်ရန်မဖြစ်ပေ။

ထို့ကြောင့်ခေါင်ခိုက်မဟာလည်း Company လာခဲ့လေ၏။

Company ရောက်တော့ကြားလိုက်ရတဲ့သတင်းကြောင့်လူကစိတ်တွေအရိုင်းဆန်လာခဲ့သည်။

" ဒီဇိုင်းအပိုင်းကိုဘယ်သူက တာဝန်ယူထားတာလဲ အခုချက်ချင်း ငါ့ရှေ့သွားခေါ်လာခဲ့ "

ခေါင်ခိုက်မဟာ ဒေါသနဲ့ကြောက်စရာကောင်းသောအကြည့်တွေကြောင့်မန်နေဂျာဖြစ်သူလည်းကြောက်ကြောက်လန့်လန့်ဖြင့် အခန်းထဲကနေအမြန်ထွက်သွားတော့၏ ။

" Daddy ဘာဖြစ်လို့လဲ "

အခုမှ ရုံးခန်းထဲကိုဝင်လာသော မင်းမြတ်ကုဋေကုဋာ ကတော့အကြောင်းရင်းကိုမသိသောကြောင့် အူကြောင်ကြောင်အတတပေ။

" Daddy ဘာဖြစ်နေတာလဲလို့မေးနေတာလေ "

သူ့ကိုတွေ့တာတောင်
အရယ်အပြုံးမရှိသောခေါင်ခိုက်မဟာမျက်နှာလေးကိုမြင်တော့ စိတ်ပူသွားမိတာအမှန်ပင်။ 

"  အိမ်ပြန် ဒီနေ့အလုပ်မဆင်းနဲ့တော့ Daddy ပြန်အလာကိုစောင့်နေ "

" ဘာ​ဖြစ်လို့လဲ "

" ကလေး Daddy ကပြန်ဆိုပြန်တော့လေ "

လူကComapny ကိစ္စကြောင့်​ဒေါသထွက်နေတော့
တစ်ခုခုဖြစ်ရင် သူ့ဘေးနားက ကလေးလေးထိခိုက်မိမှာစိုးလို့သာ အိမ်ကိုပြန်ဖို့ပြောလိုက်ရလေသည်။

" ဒါပေမဲ့...... "

" Daddy ပြောနေတာမကြားဘူးလား"

ခေါင်ခိုက်မဟာ အော်ကာငေါက်လိုက်တော့ မင်းမြတ်ကုဋေကုဋာ
ရင်ထဲဝမ်းနည်းစိတ်တွေကိန်းအောင်းလာခဲ့လေ၏ ။

သူခေါင်ခိုက်မဟာဆီမှ တစ်ခါမှအအော်ခံထိဖို့မပြောနဲ့ လေသံမာမာနဲ့တောင်အပြောမခံရဘူးလေ။

လူကဝမ်းနည်းလွန်းလ်ို့ငိုချင်လာသောကြောင့် ဘာမှထပ်မပြောတော့ဘဲအခန်းထဲကနေထွက်ပြေးလာခဲ့လေသည်။

ခေါင်ခေါ်ဆောင်ရာ လိုက်ခဲ့မယ်Wo Geschichten leben. Entdecke jetzt