ဘာလိုလိုနဲ့ ခေါင်ခိုက်မဟာ ရော မင်းမြတ်ကုဋေကုဋာ ရော ဆေးရုံကနေဆင်းတာ နှစ်ရက်တောင်ရှိသွားလေပြီ။
ဒေါ်မဟာတင်နဲ့အငြင်းပွားပြီးကတည်းက မင်းမြတ်ကုဋေကုဋာ လည်းအရင်ကလောက် ခေါင်ခိုက်မဟာ အပေါ်
မခါးသီးသလို ခေါင်ခိုက်မဟာ လည်း မင်းမြတ်ကုဋေကုဋာ ကိုသည်းသည်းလှုပ်ပိုပြီး ချစ်လာခဲ့လေ၏။အခုလည်းပုံမှန်အတိုင်း Company သို့နှစ်ယောက်အတူသွားလေသည်။
ပန်းခြံကတွေ့ခဲ့တဲ့ဝန်ထမ်းကြောင့် Comapny တစ်ခုလုံး CEO နဲ့ အတွင်းရေးမှူးသတင်းဟာပျံ့ နှံ့နေလေပြီ။
" မဂ်လာပါ CEO "
Company ထဲကိုလျှောက်လှမ်းလိုက်တာနဲ့ ဝန်ထမ်းများရဲ့အပြုံးကသက်သေပင်။
သူတို့နှစ်ယောက်ကို မရှုံ့ချသည့်အပြင် Comapny တစ်ခုလုံးကပါ လိုက်ပြီး shipနေကြသလိုပင်။အခုဓာတ်လှေကားထဲကို နှစ်ယောက်အတူ ဝင်ကာ 3ထပ်ကို နှိပ်လိုက်လေ သည်။
" ခင်ဗျား ဘာလို့ပြုံးနေတာလဲ "
ခေါင်ခိုက်မဟာ တစ်ယောက် သူ့Company ကဝန်ထမ်းတွေအကြောင်းတွေးရင်း ပြုံးနေသည်ကိုမြင်တော့ မင်းမြတ်ကုဋေကုဋာ မေးလိုက်လေ၏။
" ကိုယ်ပြုံးလ်ို့မရဘူးလား ကလေး "
" ခင်ဗျားရဲ့ အပြုံးက ကျွန်တော့်နှလုံးသားကို လှုပ်ခတ်စေလို့
အဲ့ကြောင့် မပြုံးနဲ့ "" ဟာဗျာ ကိုယ်အသက်မရှိတော့ဘူး "
ဓာတ်လှေကားထဲမှာ တစ်ယောက်တစ်ယောက်တစ်ခြမ်းနေကာ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်
ပြောရင်း
အကြည်စိုက်နေကြလေသည်။2 ထပ်မြောက်မှာတော့ ဓာတ်လှေကားက ရုတ်တရက် ရပ်သွားလေ၏။ မီးများ မှောင်ကျကာ မင်းမြတ်ကုဋေကုဋာ တစ်ယောက် ခေါင်ခိုက်မဟာအနားကို အပြေးကပ်လေ၏။
"ခင်ဗျား ဘာဖြစ် တာလဲ ပျက် ပျက်သွားတာလား"
မင်းမြတ်ကုဋေကုဋာ လည်းထစ်ထစ်ဖြင့်မေးလိုက်တော့ ခေါင် ခိုက်မဟာတစ်ယောက် ခေါင်းသာညှိမ့်ပြလိုက်လေသည်။
YOU ARE READING
ခေါင်ခေါ်ဆောင်ရာ လိုက်ခဲ့မယ်
Romanceအသုံးနှုန်းများကြမ်းနိုင်ပါသဖြင့်18နှစ်မပြည့်သူများ 18ခါမဖတ်ကြဖို့ ကျွန်တော်တောင်းဆိုပါတယ်