အပိုင်း(25)uni+zawgyi

5.6K 206 44
                                    

အိမ်ကိုအပြန်လာလမ်းအကွေ့မှာအနက်ရောင် ကားတစ်စီးကသူ့ကားဘေးကနေအမြန်
ဖြတ်မောင်းသွားတာ တစ်ခုခုဖြစ်မှာစိတ်ပူပြီး လိုက်ပြောဖို့
လည်း ဒီအတိုင်းကားတွေပုံမှန်မောင်းနေကြတာပဲလို့တွေးကာ အိမ်ပြန်လာလေခဲ့သည် ။

ကလေးများသူ့ကိုလွမ်းနေလို့များစိတ်ကဖြစ်နေတာလား
သူကပဲကလေးကိုစိတ်ပူလွန်လို့များစိတ်ကဖြစ်နေတာလား
မသဲကွဲ ။သူ့စ်ိတ်ထဲမှာ တစ်ခုခုကိုတွေးပူသလိုခံစားချက်က
နေလ်ို့ထိုင်လို့မကောင်းပေ။

ခုနက ကားကိုလဲ ​ နောက်ကြည့်
မှန်ထဲကနေခဏခဏပြန်ကြည့်နေမိ၏

သူအတွေးလွန်နေတာနေမှာပါလေ။ ထိုကားကိုလည်းမသ်ိဘဲနဲ့ ကလေးကိုစိတ်ပူလွန်းဇောဖြင့် ဘာတွေလျှောက်တွေးနေမှန်းမသိဖြစ်မှာပါလေ။

အခုသူခြံရှေ့ရောက်တော့ ခြံတံခါးကပွင့်လို့နေတယ်။ ကလေးများအပြင်ထွက်ပြီးပိတ်ဖို့မေ့သွားတာလား ။

" ကလေးရေ ကလေး နိုးနေပြီးလား Daddy ရောက်ပြီး "

အိမ်ထဲရောက်တော့လည်း ဘယ်နေရာမှာမှမရှိနေသောကလေးကြောင့် တစ်အိမ်လုံးရဲcctvကို ပြန်စစ်ကြည့်ဖို့လုပ်လိုက်လေသည်။

ဟိုနေ့ကတည်းက ကလေးတစ်ယောက်ထဲအပြင်ထွက်သွားရင်မသ်ိလိုက်မှာစ်ိုးလို့တစ်အိမ်လုံးအနှံ့ သာမက ခြံဝန်းအတွင်း
ခြံအပြင်ပါ cctv တွေအကုန်လိုက်
တပ်ထားလိုက်လေ၏ ။ တစ်ယောက်​ယောက် cctv ကို လာဖျက်စီးလို့မရအောင် ဖျက်ထားသောမှတ်တမ်းကိုပြန်ယူလို့ရအောင် ဘယ်လောက်သေးငယ်ပါစေ
ပြတ်သားကြည်လင်သောပုံရိပ်ကိုဖမ်းပေးနိုင်အောင်
US က ဒေါ်လာ8 သောင်းတန်
ဖိုးရှိတဲ့ cctv တွေကိုမှာယူကာ ကလေးမသိအောင်တိတ်တဆိတ်စီစဥ်ခိုင်းထားလေသည်။

" အိပ်ယာနိုးပေါ်လေးကအစ ချစ်ဖို့ကောင်းတဲ့ Daddy ကလေးလေးပါလား

ဟော Daddy ကိုလိုက်ရှာနေတယ်ပေါ့
ထင်ပါတယ် ဒီကလေး အရက်နာကျမယ်ဆိုတာထင်တားပဲ

Daddy မရှိတော့ အပြင်စာတွေမှာစားပြန်ပြီး "

cctv ကသူ့ကလေးပုံရိပ်တွေကို slowmotion နဲ့ပြန်ကြည့်ကာ သဘောတွေကျပြီး တစ်ယောက်ထဲထိုင်ပြောနေသော CEO ကြီးခေါင်ခိုက်မဟာ။

Has llegado al final de las partes publicadas.

⏰ Última actualización: Apr 10, 2022 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

ခေါင်ခေါ်ဆောင်ရာ လိုက်ခဲ့မယ်Donde viven las historias. Descúbrelo ahora