ခေါင်ခိုက်မဟာ တို့အပေးယူကိုလက်ခံပြီးနော် မင်းမြတ်ကုဋေကုဋာ ရဲ့ဘဝဟာ အမှိုက်ကလေးသာသာ ဘဝကနေ
ရွှေလင်ဗန်းပေါ်တင်ပြီးမွေးလာရသလို ချက်ချင်းကို ပြောင်းလဲသွားပါလေတော့သည်။
မင်းမြတ်ကုဋေကုဋာ ရဲ့အဖေဖြစ်သူကိုလည်း nurse သီးသန့်ငှားကာစေလွှတ်လိုက်လေ၏ ။
ဒီကနေ့သူတို့နှစ်ယောက်ရဲ့ အပေးယူလုပ်ခြင်းပထမဆုံးရက်လေးပေါ့။
အခုလည်းComapny ကိုမသွားဘဲ သူ့က်ို
shopping mall ထဲကို ခေါ်လာသော ခေါင်ခိုက်မဟာ နောက်ကို မလိုက်ချင်ဘဲလိုက်လာခဲ့ရပြန်လေသည်။
" ခင်ဗျား ရောက်တဲ့နေရာကနေခြေလှမ်းတွေရပ်လိုက် "
အရှေ့ကနေကျော့ကျော့မော့မော့ဖြင့်သွားကာနေသော သူကို
မင်းမြတ်ကုဋေကုဋာ တစ်ယောက် မျက်နှာကြီးစူပုပ်ကာ အော်ပြောလိုက်တော့ ခေါင်ခိုက်မဟာ လည်း သွားနေရာကနေ ရပ်လိုက်လေသည်။
" ကလေးကိုယ့်ကို ပြောစရာရှိလို့လား "
သူ့ဆီကို ပြန်လှည့်လာပြီး ခပ်တည်တည်လေးဖြင့်သာ မေးလာသော ခေါင်ခိုက်မဟာ ကို သူမျက်လုံးထဲမှာ မြင်နေရတာ ကို က တစ်စက်ကလေးမှ အချိုးမပြေသည့်ပုံပင်။
" ကျွန်တော့်ကိုပြောတော့ Company မှာအလုပ်ပေးမယ်ဆို ဘယ်မှာလဲ Comapny ခင်ဗျား စျေးဝယ်ထွက်ဖို့ အဖော်ဖြစ်ငှားလာသလား "
" No No မှားနေပြီး ကိုယ့်ကလေးလေး
ဒီနေ့က ကိုယ့်ရဲ့အတွင်းရေးမှူး စလုပ်ရမဲ့နေ့ဆိုတော့ ဒီလိုဟောင်းနွမ်းတဲ့ အဝတ်စားနဲ့ Comapny သွားလို့မဖြစ်ဘူးမလား
မင်းအတွက် လိုအပ်တာဝယ်ပေးဖို့ခေါ်လာတာ "
ခေါင်ခိုက်မဟာ ရဲ့မထိတထိအပြုမူလေးတွေက မင်းမြတ်ကုဋေကုဋာ ရဲ့ နှလုံးသားကို မထိတထိနဲ့လှုပ်ခါယမ်းနေသလိုပင်
* အားshit ဘောပဲဒါ ဘယ်လိုအခြေနေမျိုးလဲ*
စိတ်ထဲက အကြောင်းအရာလေးကိုတော့ အပြင်ဘက်ကိုမဖွင့်ဟတော့ဘဲ ခေါင်ခိုက်မဟာ နောက်ကိုသာ ဆက်ကာလိုက်သွားလေတော့သည်။
နာမည်ကြီး brand ဆိုင်ကိုရောက်တော့ ခေါင်ခိုက်မဟာ ရဲ့ခြေလှမ်းများထိုဆိုင်ရှေ့မှာ ရပ်တန့်သွားလေတော့၏ ။
YOU ARE READING
ခေါင်ခေါ်ဆောင်ရာ လိုက်ခဲ့မယ်
Romanceအသုံးနှုန်းများကြမ်းနိုင်ပါသဖြင့်18နှစ်မပြည့်သူများ 18ခါမဖတ်ကြဖို့ ကျွန်တော်တောင်းဆိုပါတယ်
