မင်းမြတ်ကုဋေကုဋာ တစ်ယောက် နိုးလာတော့ သူ့ကိုစိုက်ကြည့်နေတဲ့ ခေါင်ခိုက်မဟာ ကိုတွေ့တော့ ချက်ချင်း မျက်လုံးတွေပြူးသွားလေသည်။
" ခင်ဗျားဘာ ဘာလို့လူကို စိုက်ကြည့်နေတာလဲ "
မင်းမြတ်ကုဋေကုဋာတစ်ယောက် သူ့ကိုယ်သူ သတိမထားမိသေးဘဲ ခေါင်ခိုက်မဟာ ကိုပြောနေလေရဲ့ ။အမှန်တော့ မင်းမြတ်ကုဋေကုဋာ အိပ်ပျော်နေစဥ် ခေါင်ခိုက်မဟာ က ပွေ့ချီပြီးကုတင်ပေါ် မှာ အိပ်စေလ်ိုက်သောကြောင့်ဖြစ်လေသည်။
အခုပုံစံက ခေါင်ခိုက်မဟာ နဲ့ သူ ကုတင်ပေါ်မှာ ညားခါစလင်လင်တွေလို မနက်ခင်းနိုးထလာတဲ့ပုံစံဖြစ်နဲ့ပေါ့။
ထိုအချိန် အခန်းထဲကို nurse မတစ်ယောက်ဆေးဗန်းလေးဖြင့်ဝင်လာတော့ ထိုမြင်ကွင်းကြောင့် ဆေးဗန်းလေးဟာ ကြမ်းပြင်ပေါ် ပြန့်ကျဲလျက် ။
ဗန်းပြုတ်ကျသံကြားတော့ မင်းမြတ်ကုဋေကုဋာ လည်း ထထိုင် လိုက်ပြီး သူကုတင်ပေါ် ရောက်နေမှန်းသိလိုက်လေသည်။
" ဟို ဟို တောင်းပန်ပါတယ် လူနာ လူနာက ဘယ်တစ်ယောက်လဲဟင် ဆေးလာပို့တာပါ သွားခွင့်ပြုပါအုန်း "
nurse မလည်း ထစ်ထစ်အအနဲ့ ပြောကာ ဆေးဗန်းကိုပြန်ကောက်ပြီး စားပွဲပေါ် တင်ပေးလိုက် ပြီး ပြေးထွက်သွားလေတော့၏ ။
" ကျစ် ခင်ဗျားကြောင့် သူများ အထင်လွဲကုန်ပြီး "
" အာ့ "
nurse မထွက်သွားပြီး မင်းမြတ်ကုဋေကုဋာ တစ်ယောက် ခေါင်ခိုက်မဟာ ဘက်လှည့်ကာလက်ည်ိုးထိုးပြီး ပြောလိုက်ချိန်
ခေါင်ခိုက်မဟာ တို့ချက်ချင်းဆိုသလိုပင် ခေါင်းကိုအသာလေးဖိပြီး နာကျင်ပါလေတော့သည်။
" ခင်ဗျား ဘာ ဘာဖြစ်တာလဲ "
" ခေါင်းက ဒဏ်ရာကအာ့ တစ်ဆစ်ဆစ်နဲ့ "
ခေါင်ခိုက်မဟာ တို့ပြောလိုက်တော့ မင်းမြတ်ကုဋေကုဋာ တစ်ယောက် ပျာယာခတ်ကာ ကုတင်ပေါ်ကနေ ချက်ချင်းဆင်းပြီး
ခေါင်ခိုက်မဟာ ကိုပခုံးကနေ လှမ်းထိန်းပေးပြီး မှီစေလေ၏ ။
ESTÁS LEYENDO
ခေါင်ခေါ်ဆောင်ရာ လိုက်ခဲ့မယ်
Romanceအသုံးနှုန်းများကြမ်းနိုင်ပါသဖြင့်18နှစ်မပြည့်သူများ 18ခါမဖတ်ကြဖို့ ကျွန်တော်တောင်းဆိုပါတယ်