"ခင်ဗျား ကို ကျွန်တော်သေလောက်အောင်မုန်းတယ် ဦးခေါင်ခိုက်မဟာ "
အခုပဲသူ့နှုတ်ခမ်းကိုနမ်းပြီး အခုပဲ သူ့ကိုမုန်းတယ်ပြောနေသော မင်းမြတ်ကုဋေကုဋာ ကို သူနားမလည်နိုင်ပေ။
"ကိုယ်ကတော့ မင်းကို ရူးလောက်အောင်ချစ်တယ် မင်းမြတ်ကုဋေကုဋာ "
မင်းမြတ်ကုဋေကုဋာ ရဲ့
တင်းမာနေသော မျက်နှာအနေအထားကို ညို့ငင်နေသော မျက်ဝန်းဖြင့် ကြည့်ကာ တစ်စင်တီမီတာ အကွာ တိုးကပ်ပြီး ပြောလိုက်သော ခေါင်ခိုက်မဟာပါလေ။
" ခင်ဗျားရဲ့ မျက်ဝန်းတွေကို ကျွန်တော်မုန်းတယ် "
သူ့ကို စိုက်ကြည့်နေတဲ့ ခေါင်ခိုက်မဟာ ရဲ့မျက်ဝန်းကို အလိုမကျသောဟန်ဖြင့် ကြည့်ကာ ပြောလိုက်တော့
သူ့ကို နှုတ်ခမ်းထောင့်လေးကွေးပြီးပြန်ပြုံးပြလိုက်သော ခေါင်ခိုက်မဟာ ကြောင့် အတွင်းသားနှုတ်ခမ်းလေးကို သူကိုက်လိုက်မိလေသည်။
" ခင်ဗျားရဲ့ အဲ့ဒီအပြုံးကိုလည်း မုန်းတယ် "
မင်းမြတ်ကုဋေကုဋာ ရဲ့ဒုတ်ိယမြောက်စကားကို နားထောင်ပြီး ခေါင်းလေးစောင်းပြလိုက်ကာ မျက်ခုံးတွန့်ပြလိုက်သော ခေါင်ခိုက်မဟာ ကြောင့် မင်းမြတ်ကုဋေကုဋာ တစ်ယောက် ဒေါသထွက်လာခဲ့လေ၏ ။
"ခင်ဗျား တောက်စ် ဘောပဲ "
သူ့ကိုလက်ညိုးထိုးပြီး တောက်စ်ခေါက်ကာဆဲသွားသော
မင်းမြတ်ကုဋေကုဋာ ကို ခေါင်ခိုက်မဟာ တို့
ဘယ်တော့မှ အပြစ်မမြင်ပေ။
မင်းမြတ်ကုဋေကုဋာ လည်း ခေါင်ခိုက်မဟာကို ကျောခိုင်းကာဗီရ်ိုထဲက က သူ့အဝတ်စားကို ယူပြီး ဆေးရုံအဝတ်စားကို ချွတ်ကာ လဲလိုက်လေ၏ ။
" ဘာလုပ်မလို့လဲ "
" ခင်ဗျား နဲ့ဝေးရာကို သွားမလို့ "
ခေါင်ခိုက်မဟာ ရဲ့အမေးကိုဖြေပြီးပြီးချင်း မင်းမြတ်ကုဋေကုဋာ တစ်ယောက်အခန်းထဲကနေ ပြေးထွက်သွားလေတော့သည်။
" ဟာ ဟိတ် နေအုန်းလေ ကလေး "
မင်းမြတ်ကုဋေကုဋာ ရဲ့လျင်မြန်မှူကြောင့် ခေါင်ခိုက်မဟာ ပြေးလိုက်သော်လည်း မျက်ခြေပြတ်သွားလေ၏ ။
YOU ARE READING
ခေါင်ခေါ်ဆောင်ရာ လိုက်ခဲ့မယ်
Romanceအသုံးနှုန်းများကြမ်းနိုင်ပါသဖြင့်18နှစ်မပြည့်သူများ 18ခါမဖတ်ကြဖို့ ကျွန်တော်တောင်းဆိုပါတယ်
