အပိုင်း(14) uni+zawgyi

3.3K 232 71
                                    

" ​ကိုယ့်ကလေးလေး ဘယ်သွားချင်သေးလဲ ကိုယ်တို့ လျှောက်လည်ကြမလား ဗိုက်တင်းနေတော့ ကိုယ့်ကလေးလေး အစာမကြေဖြစ်နေမှာစိုးလို့ပါ

ကိုယ့်ကလေးလေးကို စိတ်ပူလို့နော် က်ိုယ်ပြောနေရတာ "

စားပြီးသောက်ပြီးကုန် ထပြန်ဖို့လုပ်နေတဲ့ မင်းမြတ်ကုဋေကုဋာ တစ်ယောက် ခေါင်ခိုက်မဟာ ရဲ့စကားကြောင့် သူထိုင်ရမလိုလို ထရမလိုလို ဖြစ်နေလေရဲ့ ။

" ခင်ဗျား မပင်ပန်းဘူးလား ကျွန်တော်အိမ်ပြန်ချင်ပြီး
ခင်ဗျားကလေ ဂျပန်မူလီလိုပဲ တစ်ခုပြီးတစ်ခု ရစ်​နေတာ
ဘယ်လို လူမှန်းကိုမသိဘူး "

" ကိုယ့်ကလေး​လေးကို ချစ်တဲ့လူပေါ့ ဗျာ "

" ဘာ "

မင်းမြတ်ကုဋေကုဋာ ၏စကားသံလေးကိုနားထောင်ပြီး
သူ့ကို ဂျပန်မူလီ လိုပဲပြောလိုက်သောကြောင့် အသည်းတွေယားကာ ချစ်ကြောင်းပါသွားတော့

မင်းမြတ်ကုဋေကုဋာ ထံမှ အအော်ခံလိုက်ရပြန်လေသည်။

ဆိုင်ထဲကလူတွေကလည်း ကွက်ကာ ကြည့်နေကြတော့လေ၏ ။

" ကိုယ့်ကလေးလေး သူများတွေ ဝိုင်းကြည့်ကုန်ပြီး ကိုယ့်ကလေးလေး မရှက်ပေမဲ့ ကိုယ်ရှက်တယ် သွားရအောင် "

သူရှက်တယ် ပြောပြီး မင်းမြတ်ကုဋေကုဋာ ​ကို ချက်ချင်းပွေ့ချီလိုက်ကာ ဆိုင်ထဲက နေပြေးထွက်သွားသော ခေါင်ခိုက်မဟာ ကြောင့် ဆိုင်ထဲကလူတွေ ပါးစပ်ဟောင်းလောင်းသား ကျန်ခဲ့လေတော့သည်။

" အား ခင်ဗျား ချပေး "

" ကားပေါ်ရောက်မှ ချမယ် ကိုယ်ရှက်လာပြီး အော်မနေပါနဲ့ သူများတွေ ဝိုင်းကြည့်နေတယ် "

" ဘောပဲ ခင်ဗျားကြီးရဲ့ "

သေးငယ်သော သူ့ကိုယ်လုံးငယ်လေးနဲ့ ခေါင်ခိုက်မဟာ ကိုမရုန်းနိုင်ပေ။

နောက်ဆုံးတော့လည်း ကားပေါ်ပစ်ချခံလိုက်ရပြီး သူ့ကိုခါးပတ်ပေးကာ မောင်းထွက်သွားသော ခေါင်ခိုက်မဟာ နောက်ကိုသာ ​ပါသွားရလေပြန်သည်။

အိမ်ကိုတော့မဟုတ်ပေ။ ပန်းခြံ တစ်ခုကိုရောက်လာခဲ့ကြတာပေါ့။

ခေါင်ခေါ်ဆောင်ရာ လိုက်ခဲ့မယ်Donde viven las historias. Descúbrelo ahora