" ကျွန်တော်ဒီစာရင်းတွေစစ်ပြီပြီး ဘာလုပ်ရအုန်းမလဲ "
" ကိုယ်ရှယ်ယာရှင်တစ်ယောက်နဲ့ ချိန်းထားတာရှိတယ်
အဲ့တော့ မင်းမြတ်ကုဋေကုဋာ လည်း လိုက်ဖို့ပြင်ဆင်ထားပါ "သူ့ကိုမကြည့်ဘဲ ပြောဆိုနေသော ခေါင်ခိုက်မဟာ ကို သူအလိုမကျန်ိုင်ပေ။ ဒီကနေ့ ဒီကိစ္စကို အပြတ်ရှင်းမှ ဖြစ်မည် ။
" ခင်ဗျား ဘာဖြစ်နေတာလဲ ကျွန်တော့်ကို ပုံမှန်အတ်ိုင်းပဲဆက်ဆံပေး ။
ခင်ဗျားဒီလိုတွေလုပ်ပြနေတာ ကျွန်တော်မနေတတ်ဘူး "
ခံစားချက်တွေကို ဖွင့်ဟလာတဲ့ မင်းမြတ်ကုဋေကုဋာ ကြောင့်ခေါင်ခိုက်မဟာတို့ စိတ်ထဲမှာ ပီတိတွေဝေဖြာနေတော့လေသည်။
သူ့ကိုမုန်းပါတယ်လို့ တဖွဖွ ပြောနေတဲ့ ကောင်လေး က
အခုတော့ မနေတတ်ပါဘူးတဲ့လား ။ခေါင်ခိုက်မဟာ တစ်ယောက် သေချာနေလေပြီ။ သုံးလဆိုတဲ့ အချိန်အတွင်းမှာ သူနိူင်လိမ့်မယ်ဆိုတာကိုပေါ့။
မသိစိတ်ကသူ့ကို တွယ်တာနေတဲ့ မင်းမြတ်ကုဋေကုဋာ ရဲ့စိတ်ကို သူဘယ်လို ဆွဲထုတ်ရမည်နည်း။
" အဟမ်း ကောင်းပြီးလေ ဒါက ကိုယ့်ကလေးလေး ကိုယ်တိုင် တောင်းဆိုလာတာဆိုတော့ ကိုယ်လိုက်လျောပေးမယ်
အော်တစ်ခုတော့ရှိတယ်နော် ကိုယ့်ကလေးလေး ရဲ့ မသိစိတ်ကနေ ကိုယ့်ကို သံယောဇဉ် တွယ်တာနေမိတယ်ဆိုတာကို
သိထားပေး "" ဘောပဲ ကျွန်တော်က ခင်ဗျားကို တွယ်တာ နေလို့ မဟုတ်ဘူး ခင်ဗျားရုတ်တရက် ပြောင်းလဲသွားတာကို မနေတတ်တာ "
အခုလည်း မင်းမြတ်ကုဋေကုဋာ တစ်ယောက် သူ့ကိုယ်သူ
ဘယ်လိုနည်းနဲ့မှ ခေါင်ခိုက်မဟာ ကို မတွယ်တာဘူးလို့
ငြင်းကာ နေလေတော့၏ ။ခေါင်ခိုက်မဟာ ကတော့ မင်းမြတ်ကုဋေကုဋာတို့ ဘယ်လောက်ပဲ ဖင်ပိတ်ကာငြင်းနေပါစေ
သူ့ကို တွယ်တာနေပြီးဆိုတာ ယုံလေသည်။" ဟုတ် ပါပြီး ဟုတ် ပါပြီး ကိုယ့်ကလေးလေးက မတွယ်တာဘူးဆိုလည်း မတွယ်တာဘူးပေါ့ "
![](https://img.wattpad.com/cover/289873903-288-k497169.jpg)
BINABASA MO ANG
ခေါင်ခေါ်ဆောင်ရာ လိုက်ခဲ့မယ်
Romanceအသုံးနှုန်းများကြမ်းနိုင်ပါသဖြင့်18နှစ်မပြည့်သူများ 18ခါမဖတ်ကြဖို့ ကျွန်တော်တောင်းဆိုပါတယ်