မင်းမြတ်ကုဋေကုဋာ တ်ို့ပထမဆုံးရုံးတက်ရက်မှာပင် ဘာမှမလုပ်ရဘဲ ရုံးဆင်းရပြန်လေပြီ ။
အတွင်းရေးမှူးခန့်အပ်ထားတာလား အလှထိုင်ကြည့်ဖို့ ခန့်အပ်ထားသလားတောင်မသဲကွဲပေ။
ရုံးခန်းထဲမှာလည်း သူ့ကိုသာတစ်ချိန်လုံးစိုက်ကြည့် နေတဲ့ ခေါင်ခိုက်မဟာ ကြောင့်လူက နေရက် ကတိကအောက်ဖြစ်လာလေသည်။
ရုံးဆင်းချိန်လည်း အတူတူပြန်အုန်းမည်ဆို မျက်နှာဘယ်နားသွားထားရမှန်းမသိ ဖြစ်မိမှာအမှန်ပင်။
ခေါင်ခိုက်မဟာ ဆိုသူသည် သူထင်ထားတာထက်ကို လက်ပေါက်ကပ်ပြီး ပြောမနာဆိုမနာထဲ တွင်ပါသည်။
တစ်ခြားလူတွေ အတွက်တော့ မဟုတ်ပေ။
အခုလည်း ခေါင်ခိုက်မဟာ တစ်ယောက်အလုပ် ကိစ္စ ဖုန်းပြောနေရင်း မင်းမြတ်ကုဋေကုဋာ တို့ ခေါင်ခိုက်မဟာ အလစ်တွင် company မှ ခိုးထွက်လာခဲ့လေသည်။
" ဟာ ဘောပဲကွာ ဒီနားမှာ Taxi တစ်စီးမှ မရှိတာလား မလာတာလား "
Comapny ရှေ့မှာ ဟိုကြည့်ဒီကြည့်ဖြင့် ရပ်ကာစောင့်နေသော မင်းမြတ်ကုဋေကုဋာ တစ်ယောက် စိတ်ပင်မရှည်တော့ပေ။
သူ့ရှေ့ကို အခုထက်ထိတစ်စီးမှ ပေါ်မလာသော Taxiများ ကို ကျိန်ဆဲနေပါလေတော့သည်။
" ငါပိုက်ဆံပေးပြီးစီးတာတောင် ပေါ်မလာကြဘူး မသိရင် ငါက အလကားစီးတာကျလို့
မစီးဘူးကွာ ပိုက်ဆံတောင် သက်သာသေးတယ် ခြေထောက်ရှိတယ် လမ်းလျှောက်ပြန်ပေါ့ "
နောက်ဆုံး မရှည်သော သူ့စိတ်ကလေးဖြင့် တစ်တွတ်တွတ်ရွတ်ကာ ပလက်ဖောင်းလမ်းအတိုင်းလျှောက်ပြန်လေတော့၏။
ခက်တာက ပထမဆုံးရုံးတက်ရမဲ့နေ့နှင့် နေရာအသစ်လို ဖြစ်နေသော ခေါင်ခိုက်မဟာ အိမ်နှင့် ဒီလမ်း သူဘယ်ကိုသွားလို့ သွားရမှန်းမသိနေပေ။
ဘယ်လမ်းကသွားရင် ခေါင်ခိုက်မဟာ ၏အိမ်ကိုရောက်မည်နည်း။
"ဘာတွေလဲကွာ ဒီနေ့က ပြသဒါးနေ့လား ဘောလိုပဲ ခွေးကောင်
ငါအခု ဘယ်လမ်းကနေ သူ့အိမ်ကိုပြန်ရမှာလဲ "
VOCÊ ESTÁ LENDO
ခေါင်ခေါ်ဆောင်ရာ လိုက်ခဲ့မယ်
Romanceအသုံးနှုန်းများကြမ်းနိုင်ပါသဖြင့်18နှစ်မပြည့်သူများ 18ခါမဖတ်ကြဖို့ ကျွန်တော်တောင်းဆိုပါတယ်
