" ဦးလေး.. "
ခေါင်ခိုက်မဟာ တစ်ယောက် မင်းမြတ်ကုဋေကုဋာ ရဲ့အဖေဆီကိုချက်ချင်းရောက်ချလာလေ၏။
သူမနေနိုင်ပါ ။ မင်းမြတ်ကုဋေကုဋာ နဲ့ပတ်သက်ရင်ပေါ့။
တစ်မိနစ်လေးတောင်မစောင့်နိုင်ပါ ။
" သား ခေါင် "
ဦးမင်းဟန်တစ်ယောက် ခေါင်ခိုက်မဟာ ကိုတွေ့တော့ ရီဝေဝေအကြည့်ဖြင့် လှမ်းကြည့်လိုက်ပြီး အထဲလာဖို့ အမူအရာဖြင့် ပြလိုက်လေသည်။
" ဦးလေး ကျွန်တော့်ကို ဘယ်လိုမြင်လဲ "
ခေါင်ခိုက်မဟာ လည်း ဦးမင်းဟန်အနား သွားကာ
ထိုင်လိုက်ပြီး ရဲရဲတင်းတင်း တည်တည်ငြိမ်ငြိမ်ဖြင့်သာ မေးလိုက်လေ၏ ။
" ဒေါ်မဟာတင်ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူ ဒိတ်ဒိတ်ကျဲ ချမ်းသာသော မိသားစုအသိုင်းဝိုင်းက လူ "
" ဦးလေး ကျွန်တော်လိုချင်တာ အဲ့လို စကားလုံးမျိူးတွေမဟုတ်ဘူး
ကျွန်တော့်ကို မေမေ့ရဲ့သားတစ်ယောက် အနေနဲ့ မမြင်ဘဲနဲ့
ဦးလေး ရဲ့သား မင်းမြတ်ကုဋေကုဋာ နဲ့ ဘယ်လိုမြင်နိုင်မလဲ "
ခေါင်ခိုက်မဟာ ရဲ့စကားကြောင့် ဦးမင်းဟန်တစ်ယောက် သက်ပျင်းချလ်ိုက်မိလေသည်။
" သား ခေါင်ကို ဦးလေး သားနဲ့ အရင်တုန်း
သဘောတူပါတယ် ဒါပေမဲ့ သားလေး သဘောက ပဲအရေးကြီးတာပါ "
" အခုရော "
" ဦးလေးရဲ့ ဒီသားလေးကိုတော့ ဦးလေး မိန်းမလိုအဖြစ်မခံနိုင်ဘူး သားခေါင်မှာ ဘာအပြစ်မှ မရှိတာသိပေမဲ့
သားရဲ့အမေ ဒေါ်မဟာတင်က ဦးလေးသား ကို အလွှတ်ပေးမှာ မဟုတ်ဘူး
အဲ့ကြောင့် သားနားလည်ပေးမယ်မလား ကုဋေကုဋာလေး နဲ့
မပတ်သက်ဖို့ "
ဦးမင်းဟန်ရဲ့ နောက်ဆုံးစကားကိုခေါင်ခိုက်မဟာတစ်ယောက်
လက်မခံနိုင်ပါ ။ သူသာ မင်းမြတ်ကုဋေကုဋာ နဲ့ ဝေးရ ရင်
သေလိမ့်မယ် ဆိုတာ သိနေလေသည် ။
" ဟင့်အင်း ကျွန်တော်ကုဋေကုဋာ လေးနဲ့ မပတ်သက်ဘဲနေ ဖို့ဆိုတာ မဖြစ်နိုင်ဘူး ဦးလေး
ESTÁS LEYENDO
ခေါင်ခေါ်ဆောင်ရာ လိုက်ခဲ့မယ်
Romanceအသုံးနှုန်းများကြမ်းနိုင်ပါသဖြင့်18နှစ်မပြည့်သူများ 18ခါမဖတ်ကြဖို့ ကျွန်တော်တောင်းဆိုပါတယ်
