အပိုင်း(5)uni+zawgyi

7.6K 467 71
                                        

"ခင်ဗျားး အောက်ချ​ပေးတော့"

ခေါင်ခိုက်မဟာ တစ်ယောက်သူပွေ့ချီထား​သော ကလေးကို လက်ထဲကနေတောင် မချချင်တော့ပေ။ သို့ပေမဲ့လည်း
ရင်ခွင်ထဲကနေ မျက်စောင်းလေးဖြင့် မော့ကြည့်ကာ ပြောလာသောကြောင့် လိုက်လျောလိုက်လေသည်။

သူအောက်ကိုချပေးလိုက်တော့လည်း ဘာတစ်ခွန်းမှ မဟဘဲ ကားဆီကိုသာ ဦးတည်သွားနေသော မင်းမြတ်ကုဋေကုဋာ နောက်ကို လိုက်ရပြန်လေ၏ ။

ဒီလိုနဲ့ပဲ ဆေးရုံကို ပြန်သွားတဲ့လမ်းမှာ ကားထဲက နှစ်ယောက်လုံး တိတ်ဆိတ်ငြိမ်သတ်နေလေ၏ ။

ခေါင်ခိုက်မဟာ လည်း ညိုးနွမ်းနေသော ချစ်ရသူမျက်နှာလေးကို မြင်တော့ ဘာမှမပြောဘဲ တိတ်ဆိတ်နေခဲ့လေသည်။

သူတို့ဆေးရုံကိုပြန်ရောက်လာတော့ ဆရာဝန်တွေက လိုအပ်တာတွေ အားလုံးက်ို လုပ်ပြီးသွားလေပြီ ။

မင်းမြတ်ကုဋေကုဋာ လည်း သူ့အဖေ ကျန်းမာရေး အခြေအနေ
စိတ်ချရသော အ​ခြေနေရောက်လို့ ပျော်ရမဲ့အစား သူမပျော်နိုင်ပေ။

ဆေးရုံစရိတ်နဲ့ ဆေးဖိုးဝါးခစရိတ်တွေ ရှင်းရအုန်းမည်မဟုတ်လား။ ဘယ်မှာလဲ ငွေ သူ့လက်ထဲမှာ လုံလုံလောက်လောက် ဆိုလို့ ငွေပမာဏ မရှိပေ။

အခုလည်း ကုတင်ပေါ်လဲ လျောင်းနေတဲ့ အဖေကိုကြည့်ပြီး မင်းမြတ်ကုဋေကုဋာ ရဲ့ မျက်နှာလေး ညိုးနွမ်းနေခဲ့တာပေါ့။

" ကလေး ဘာလို့ရွှေမျက်နှာတော် ညိုးနွမ်းနေတာလဲ "

ချစ်ရသူရဲ့ မျက်နှာကလေး
ပန်းလိုညိုးနွမ်းနေတာကို  မြင်ပြီး ခေါင်ခိုက်မဟာ တစ်ယောက်မေး လိုက်ပြီးမင်းမြတ်ကုဋေကုဋာနားတိုးကာ
ထိုင်လိုက်လေသည်။

ခေါင်ခိုက်မဟာ ရဲ့ လက်ကလေးတွေ သူ့မျက်နှာပေါ် နူးညံ့ညှင်သာစွာကျလာတော့ မင်း​မြတ်ကုဋေကုဋာ  တစ်ယောက် ခနဲသောအပြုံးဖြင့် ပြုံးလိုက်မိ၏။

" ခင်ဗျား ကျွန်တော့်ဆီက ဘာလိုချင်လို့လဲ "

" အချစ်တွေ "

ခေါင်ခိုက်မဟာ ရဲ့အဖြေကို ကြားတော့ မင်းမြတ်ကုဋေကုဋာ
တစ်ယောက် ဟက်ဟက်ပက်ပက်ရယ် ပစ်လိုက်ချင်သော်လည်း စိတ်ကို ထိန်းကာ ခေါင်ခိုက်မဟာ ရဲ့ လက်ကို ဆွဲ ပြီး ရေချိူးခန်းထဲကို ဦးတည်သွားလေတော့သည်။

ခေါင်ခေါ်ဆောင်ရာ လိုက်ခဲ့မယ်Место, где живут истории. Откройте их для себя