အပိုင်း(24)zawgyi+uni

2.9K 128 10
                                        

"ကလေးသွားတဲ့ကလပ်ကို ပိတ်ခိုင်းလိုက်"

" CEO ကျွန်တော်ဘာအမှုနဲ့စွဲချက်တင်လိုက်ရမလဲဗျ့ "

" ကလေးကိုအယုံသိမ်းသွင်းပြီးကလေးနဲ့မအပ်စပ်တဲ့အရက်တွေသောက်ခိုင်းလ်ို့ "

" ဗျာ ဖြစ် ဖြစ်ပါ့မလား "

" ဖြစ်ပါ့မလားဆိုတာ မလိုချင်ဘူး ခေါင်ခိုက်မဟာလက်ညိုးထိုးရင်အကုန်ဖြစ်ရမယ်အထူးသဖြင့်
ကလေးလ်ို လူတစ်ယောက်ကို ​ဖျက်လိုဖျက်ဆီးလုပ်ချင်တဲ့ အဲ့ဒီကလပ်တွေကို ပိတ်ကိုပိတ်ပြစ်ရမယ်

မင်းသိလား ငါ့ရဲ့ကလေးလေးက နုနုထွတ်ထွတ်လေးကွ
ကြည့်လိုက်တာနဲ့ အသက်မပြည့်သေးတဲ့ကလေးလို ဖြူစင်တဲ့ရုပ်ကို အဲ့ဒီကလပ်ပိုင်ရှင်က ဘာကြောင့်VIP အခန်းထဲထိခေါ်သွားပြီး အရက်တွေပါတိုက်စရာလား

အဲ့ဒီကလပ်မပိတ်မချင်းမင်းငါ့ဆီပြန်မလာနဲ့ ပိုက်ဆံလိုသလောက်ပြောအကုန်ထုတ်ပေးမယ် အဲ့ဒီကလပ်ကို ရအောင်ပိတ်ပစ် ကြားလား "

" ဟုတ် ဟုတ် CEO ကျွန်တော်နားလည်ပါပြီ "

သူ့ကလေးလေးကိုသိပ့်ပြီး လူယုံဖြစ်သူကိုခေါ်လိုက်ကာ
မင်းမြတ်ကုဋေကုဋာ သွားခဲ့တဲ့ကလပ်ကိုပိတ်ခိုင်းလိုက်လေသည် ။

ဒီကိစ္စက​တော့ ခေါင်ခိုက်မဟာလိုကြီးကြီးတက်ချမ်းသာနေတဲ့
သူအတွက်ဘာမှမပြောပလောက်ပေမဲ့ လူယုံဖြစ်တဲ့ ချမ်းမင်းအတွက်တော့ မဝဲ့မရဲဖြစ်နေလေ၏ ။

သူဌေးကခိုင်းပြီးသူကအကုန်လုပ်ရမှာဆိုတော့ နဲနဲစိုးရွံ့ မိပါသည်။

သို့သော်
မလွန်ဆန်နိုင်တဲ့အမိန့်ကြောင့် သူ့အစီစဥ်အတိုင်းထိုကလပ်ကို တရားစွဲဆိုချက်တင်ဖို့ ရုံးတော်ကိုသွားရပါတော့သည်။

အကြောင်းပြချက်ကလဲ CEO ရဲ့ကလေးနုနုထွတ်ထွတ်လေးကို ကလပ်ထဲခေါ်သွားပြီးအရက်တွေသောက်ခိုင်းလို့ဆိုပါတဲ့လေ။

" CEO များကလေးရူးရူးသွားပြီးနေမယ် သူ့ကိုခေါ်ခိုင်းတာကလည်း Daddy တဲ့ ကုဋေကုဋာလေးကဖြင့်
အသက်က20 ကျော်နေပြီးကို အသက်မပြည့်သေးတဲ့ကလေးလို ဖြူဖြူစင်စင်တဲ့
ဖြူဖြူစင်စင်လေးက​CEO လုပ်တာခံမှာတဲ့လား  ဟွန့်ငါလားအယုံလွယ်မယ်လို့ ဘယ်လိုမှမဖြူစင်နိုင်ဘူး "

ခေါင်ခေါ်ဆောင်ရာ လိုက်ခဲ့မယ်Where stories live. Discover now