အပိုင်း(7)uni+zawgyi

5.7K 415 72
                                    

ဆေးရုံမှာတစ်ရက်လောက်နေပြီး မင်းမြတ်ကုဋေကုဋာ ၏အဖေလည်း ဆေးရုံကနေဆင်းခွင့်ရလို့ သူတို့သားအဖ နေအိမ်သို့ပြန်လာခဲ့ကြလေ၏။

အခုနေအိမ်သို့ပြန်ရောက်လာသည့်အချိန်ထိ8နာရီလုံးလုံး သူ့ရှေ့ကို ပေါ်မလာသေးတဲ့ တစ်​ယောက်သောသူကိုမင်းမြတ်ကုဋေကုဋာ  မျှော်နေမိလေသည်။

" ငါဘာလို့ သူ့ကိုမျှော်နေမိတာလဲ "

မျှော်သ​ယောင်ယောင်ပေါ်မလာသူကို ထပ်မမျှော်တော့ဘဲ
မင်းမြတ်ကုဋေကုဋာ တစ်​ယောက်လက်လျှော့လိုက်လေတော့သည်။

" သူပေါ်မလာတော့လည်းကောင်းပါတယ် လေ ငါတို့ရေစက်ကုန်တာပေါ့ "

တစ်ဖက်မှာတော့  တောက်ပသော မီးရောင်အောက်မှာ ခြေလှမ်းအကျယ်ကြီးဖြင့်လျှောက်ကာ လှမ်းပြီး ဆံပင်ကိုဘေးသပ်ဖြီးကာသ်ိမ်းထားသော ခေါင်ခိုက်မဟာရဲ့ မျက်နှာအသွင်အပြင်မှာ အပြစ်​ပြောစရာမလိုအောင်ကိုပင် ခန့်ညားတည်ကြည်လွန်းလှပေ၏ ။

camera man တွေကလည်း အလုအယက်ပုံကို ရယူနေကြလေတော့သည်။

" အားလုံးပဲ မင်္ဂလာပါ ကျွန်တော်ကတော့ Dasaung Comapny ရဲ့ CEO ခေါင်ခိုက်မဟာ ပါ "

စီးပွားရေးနယ်ပယ်ရဲ့ရှယ်ယာရှင်များနှင့်အတူ လုပ်ငန်းရှင်များအားလုံးနှင့်တကွ လူကြီးလူကောင်းများ တက်ရောက်ကြတဲ့ စီးပွားရေးဆိုင်ရာ နယ်ပယ်များ ပွဲမှာ ခေါင်ခိုက်မဟာ တို့ကပြောစရာမလိုအောင်ပင် ထင်ပေါ်ကျော်ကြားနေတော့လေသည်။

" အခုကျွန်တော့်အတွေ့အကြုံနဲ့သက်တမ်းအရ တက်ရောက်လာကြတဲ့ လူကြီးများကိုပြောချင်တဲ့စကားတစ်ခွန်းကတော့  .."

TV ဖန်သားပြင်ပေါ်ကလာနေတဲ့ ပုံရိပ်က်ိုပြုံးကာကြည့်နေတဲ့
သူ၏အဖေကိုကြည့်ကာ ခေါင်းခါလိုက်ပြီး ခလုတ်ကိုပိတ်ချလိုက်သော မင်းမြတ်ကုဋေကုဋာ ပါလေ။

" သားဘာလ်ို့ ပိတ်လိုက်တာ ဒီသူငယ်က ဆေးရုံမှာ အဖေတွေ့ခဲ့တဲ့ တစ်ယောက်မလား လူတော်လေးပါသူငယ်လေးက "

" အလကားပါ အဖေရာ "

မတွေ့ရတော့လည်းမျှော် တွေ့ပြန်တော့လည်းကြည့်မရတဲ့ မင်းမြတ်ကုဋေကုဋာ ရဲ့စိတ်ကို  သူ့ကိုယ်သူတောင်နားမလည်နိုင်တော့ပေ။

ခေါင်ခေါ်ဆောင်ရာ လိုက်ခဲ့မယ်Where stories live. Discover now