ဆေးရုံအငွေ့သက်တွေကြား မင်းမြတ်ကုဋေကုဋာ တို့နေရတာ ငြီးငွေ့လာခဲ့လေသည် ။
အခုဆို ဆေးရုံမှာ နေနေရတာ တစ်ရက်တိတိတောင်ရှိသွားပြီးပေါ့ ။ဆင်းခွင့်တောင်းပြန်တော့လည်း ခေါင်ခိုက်မဟာရဲ့ အမိန့်ကြောင့် ဆရာဝန်တွေက မဆင်းခိုင်းလေပေ။
"အား သေနာကြီး မသာကောင် သွားလေရာခလုတ်တိုက်သွားကျိုး "
မင်းမြတ်ကုဋေကုဋာ တစ်ယောက် ဆေး
ရုံကုတင်ပေါ်မှာ ခေါင်ခိုက်မဟာက်ို စိတ်တိုကာ အော်ဟစ်သောင်းကျန်းနေလေ၏ ။တစ်ဖက်မှာတော့ ခန့်ညားသော ရုပ်ရည်ဖြင့် smart ကျလွန်းသော အဝတ်စားတွေကို
ဝတ်ဆင်ထားပြီး ကြီးမားသော ခြေလှမ်းတွေနဲ့ အတူ ပြိုင်ကားပေါ်က ဆင်းလာတဲ့ ခေါင်ခိုက်မဟာကြောင့် company ဝန်ထမ်းမလေးတွေ ငေးကြည့်ကုန်ကြလေသည် ။" ငါတို့ CEO က ဘယ်ချိန်ကြည့်ကြည့် ခန့်ညားနေတာပဲ "
ဝန်ထမ်းမလေးတွေရဲ့ စကားသံကို လျစ်လျူရှူကာ ခပ်တည်တည်ဖြင့်သာ company ထဲကို ဝင်သွားသော ခေါင်ခိုက်မဟာပါလေ။
" ရှိန်းငါ့ရုံးခန်းထဲကို လာခဲ့"
Company ရဲ့အားကိုးရသူတစ်ယောက်အဖြစ်သာမက
သူယုံကြည်ရသော မန်နေဂျာကောင်လေးဖြစ်သူကို
သူ့ရုံခန်းလာဖို့ ခေါ်လိုက်လေသည် ။" Boss ကျွန်တော့်က်ိုဘာခိုင်းဖို့လဲ "
" ငါ့ကို မင်းမြတ်ကုဋေကုဋာ ရဲ့ အကြောင်း စုံစမ်းပေး "
coffee ခါးခါးလေးတစ်ခွက်ကို သောက်ရင်း သူ့ရှေ့က ရှိန်းကို မကြည့် ဘဲ ပြောလိုက်သော ခေါင်ခိုက်မဟာကြောင့်
ရှိန်းတစ်ယောက် အံ့သြနေလေသည် ။ဘာကြောင့်လဲဆိုတော့ ခေါင်ခိုက်မဟာ ဆိုသူသည် အလုပ်ချိန်အတွင်း အလုပ်နဲ့ ပတ်သက်တာလွဲ၍ ဘာတစ်ခုမှ သူ့ကို
မခိုင်းဖူးလေပေ။" Boss ကျွန်တော် တစ်ခုမေးလို့ရမလား "
ရှိန်းတစ်ယောက် သိချင်စိတ်ကိုလည်းမထိန်းနိုင် သူ့ Boss
ဖြစ်သူကိုလည်း ကြောက် နေသောကြောင့်
အသံလေးခပ်တိုးတိုးဖြင့်သာ ပြောလိုက်လေသည်။
VOUS LISEZ
ခေါင်ခေါ်ဆောင်ရာ လိုက်ခဲ့မယ်
Roman d'amourအသုံးနှုန်းများကြမ်းနိုင်ပါသဖြင့်18နှစ်မပြည့်သူများ 18ခါမဖတ်ကြဖို့ ကျွန်တော်တောင်းဆိုပါတယ်