" လူကြီး လူကြီးလို့ ခေါ်ပါအုန်း ကိုယ့်ကလေးလေး "
doctor ထွက်သွားပြီးနောက် ခေါင်ခိုက်မဟာ တစ်ယောက်
မင်းမြတ်ကုဋေကုဋာ ရဲ့ပခုံးပေါ်မှီကာ ကလးတစ်ယောက်လိုချွဲပြီး ပြောနေလေရဲ့ ။" ခင်ဗျား ဖယ်ဗျာ ဘယ်လိုလူမှန်းကိုမသိဘူး "
သူ့အပေါ်လာလာချွဲနေသော ခေါင်ခိုက်မဟာ ရဲ့ကိုယ်ကိုတွန်းဖယ်ပြီး တစ်ဖက်သို့လှည့်ကာနေလ်ိုက်လေ၏ ။
ထိုအချိန် အခန်းထဲကို ဝင်လာသောခေါင်ခိုက်မဟာအမေ
မင်းမြတ်ကုဋေကုဋာ လည်း ထိုမိန်းမကြီးက်ိုတွေ့တော့ ခေါင်ခိုက်မဟာ ဘက် ချက်ချင်းပြန်လှည့်ကာ ခေါင်ခိုက်မဟာ ရဲ့နှုတ်ခမ်းလေးကို နမ်းလိုက်လေသည်။" ပြွတ်စ် "
ခေါင်ခိုက်မဟာ တစ်ယောက် သူအနမ်းခံလိုက်ရပြီး ဆိုတာသိတာနဲ့ တစ်ဖန် မင်းမြတ်ကုဋေကုဋာ ရဲ့ ခေါင်းကို ပြန်ထိန်းပြီး
နှုတ်ခမ်းလေးက်ို ပြန်လည်တုံ့ပြန်နမ်းရှိုက်လိုက်လေတော့၏။ခေါင်ခ်ိုက်မဟာ၏ အမေဖြစ်သူ ဒေါ်မဟာတင်ကတော့ သူ့ရှေ့ကမြင်ကွင်းကြောင့်ဒေါသထွက်နေလေပြီ။
" ဒါဘယ်လိုဖြစ်နေကြတာလဲ
သား ဘာလို့မေမေ့ကိုမပြောရတာလဲ ဆေးရုံတက်နေရတယ်ဆိုတာ တော်သေးတယ် မေမေ့အသိဆရာဝန်ပြောလို့
ပြီးတော့ မင်း ငါ့သားရှေ့ ဘယ်တော့မှထပ်မပေါ်လာမိပါစေနဲ့ "
အနီရောင်ဝမ်းဆက်ဖြင့် ဆိုးဆေးတင်ထားသော နှုတ်ခမ်း
စိန်လည်ဆွဲကြီးဖြင့် တောက်ပြောင်နေသော ဒေါ်မဟာတင်တစ်ယောက် မင်းမြတ်ကုဋေကုဋာ ကိုလက်ညိုးလေးဖြင့်ထိုးကာ ပြောလိုက်တော့မင်းမြတ်ကုဋေကုဋာတစ်ယောက် မျက်ရည်များဝဲကာ
ခေါင်ခိုက်မဟာ ရင်ခွင်ထဲ ကိုတိုးဝင်သွားလေတော့သည်။" ဟင့် ခေါင့်မေမေကို ကြောက်တယ်
ခေါင့်ကို မခွဲနိုင်ဘူး ခေါင့်ကိုချစ်တယ် ကျွန်တော် ခေါင့်ကို ချစ််တယ် "
ရင်ခွင်ထဲကနေ ရှိုက်သံလေးဖြင့်ပြောလာသော မင်းမြတ်ကုဋေကုဋာ ကြောင့်ခေါင်ခိုက်မဟာတစ်ယောက် အလွန်ပျော်သွားလေ၏ ။
![](https://img.wattpad.com/cover/289873903-288-k497169.jpg)
VOUS LISEZ
ခေါင်ခေါ်ဆောင်ရာ လိုက်ခဲ့မယ်
Roman d'amourအသုံးနှုန်းများကြမ်းနိုင်ပါသဖြင့်18နှစ်မပြည့်သူများ 18ခါမဖတ်ကြဖို့ ကျွန်တော်တောင်းဆိုပါတယ်