အပိုင်း(22) 🔞uni🔞+zawgyi

6.1K 181 5
                                    

ခုနကအဖြစ်ပျက်ကြောင့် အမြန်မောင်းလာရတာအိမ်ရှေ့ကို
ဘယ်လိုရောက်လို့ရောက်လာမှန်းမသိတော့ပေ။
ခြံထဲကိုဝင်သွားတော့
ဂိုဒေါင်ထဲကနေ ထွက်လာတဲ့Daddy ရဲ့ကား။ 

သူ့ကားဝင်လာတာကိုတွေ့လို့ထင်တယ် Daddyက ကားကိုရပ်လိုက်ပြီး ဆင်းလာခဲ့လေ၏ ။

သူလည်းDaddy ကိုတွေ့တော့ လမ်းမှာဖြစ်ပျက်ခဲ့သမျှအတွက် ဘာမှမဖြစ်သလိုနေမယ်ဆိုတဲ့ စိတ်ကတင်းထားလို့မရတော့ဘဲ ကားပေါ်ကနေဆင်းပြီး
Daddy ဆီကိုသာဦးတည်ပြေးသွားလေတော့သည် ။

" အင့်  ကလေး ဘာဖြစ်လာတာလဲ "

ကလေးငယ်ရောက်လာရင်လူကိုစိတ်ပူအောင်လုပ်ရမလားဆိုပြီး ဆုံးမမယ်ဆိုတဲ့အတွေးတွေက သူ့ဆီအပြေးလာပြီး
ကလေးရဲ့ပွေ့ဖက်ခြင်းခံလိုက်ရတော့ လေထဲမှာတင်ထိုအတွေးတွေက လွင့်ထွက်သွားလေသည်။

ဒီကလေးထူးထူးဆန်းဆန်းဘာများဖြစ်လို့ပါလိမ့်။
နူးနူးညံ့ညံ့လေးနဲ့အပြေးဝင်ဖတ်လိုက်တာက
သူ့ကလေးလေးရဲ့ စတိုင်မဟုတ်ပေ။

" ကလေး ဘာဖြစ်လာတာလဲ Daddy ကိုပြောအုန်း "

" လွမ်းလို့  "

လွမ်းလို့ ဆိုတဲ့စကားနှစ်လုံးနဲ့တင် Daddy ကိုဖုံးကွယ်ထားမိပြန်လေ၏ ။ Daddy ကိုအသိပေးလို့မဖြစ်ဘူးလေ။
စိတ်ကိုပြန်ထိန်းချုပ်ကာ ငြိမ်လိုက်ရပြန်လေ၏ ။

" ကလေးကတော့ကွာ သက်သက်မဲ့စိတ်ပူအောင်လုပ်တယ်
နောက်ဆို ဘယ်သွားသွားDaddy ကိုပြောနော် "

" ဟုတ် Daddy "

မင်းမြတ်ကုဋေကုဋာ လည်းခေါင်ခိုက်မဟာရဲ့ရင်ခွင်လေးမှာခေါင်းကိုအပ်ကာ အခုမှပြုံးနိုင်ပါလေတော့သည်။

ခေါင်ခ်ိုက်မဟာရဲ့ ရင်ခွင်ဟာ သူ့အတွက်တော့အကာကွယ်ပေးနိုင်သည့်ဒိုင်းကာတစ်ခုလိုပင်။

"နောက်တစ်ခါ Daddy မပါဘဲကျွန်တော် ဘယ်မှမသွားတော့ဘူးနော် "

" လိမ်မာလိုက်တဲ့ Daddy ကလေးလေးကွာ အဲ့တာကြောင့်မို့အချစ်တွေပိုနေရတာ."

ဒီကနေ့မှအရင်ကလို အပြောအဆိုတွေပြောင်းလဲလာသော
မင်းမြတ်ကုဋေကုဋာ ကြောင့် ခေါင်ခိုက်မဟာမှာ အံ့သြမဆူံး။

ခေါင်ခေါ်ဆောင်ရာ လိုက်ခဲ့မယ်Onde histórias criam vida. Descubra agora