" ခင်ဗျား ဒီမှာနေခဲ့ ကျွန်တော်အိမ်ပြန်ပြီး လိုအပ်တာတွေ ယူခဲ့မယ် "
" ဟုတ် ကိုယ့်ကလေးလေး ဖြေးဖြေးသွားနော် ချစ်တယ် "
မင်းမြတ်ကုဋေကုဋာတို့ အိမ်ပြန်ပြီး အထုပ်တွေယူရလေပြီ။ သူမွှေခဲ့တဲ့မီးပေါ့ ။
အခုလည်း ခေါင်ခိုက်မဟာ ကို ပြောကာ အိမ်သ်ို့ပြန်သွားလေ၏။
မင်းမြတ်ကုဋေကုဋာ လည်း ပြန်သွားပြီးတဲ့နောက် အခန်းထဲကို အောင်ကျော်ကျော် ရောက်လာခဲ့လေသည်။
လူနာအခြေနေကိုလာကြည့်လေ၏ ။
" ဒဏ်ရာအခြေနေဘယ်လိုရှိလဲဗျ့နာတာကိုက်တာ ရှိလား "
အောင်ကျော်ကျော်လည်းသူ့တာဝန်အတိုင်းခေါင်ခိုက်မဟာက်ို မေးလိုက်လေသည်။
" doctor ကျွန်တော်လေ ရောဂါတစ်ခုခံစားနေရတယ်
အခုခေါင်းက ဒဏ်ရာကဘာမှ မပြောပလောက်ပါဘူးဗျာ"
ညိုးငယ်စွာနဲ့ပြောလာတဲ့ခေါင်ခိုက်မဟာကြောင့် doctor တစ်ယောက် အနေဖြင့်
အောင်ကျော်ကျော် စိတ်ပူသွားတာ အမှန်ပင်။
" ဘာခံစားနေရလဲ ကျွန်တော့်ကို ပြောပါ
ကျွန်တော်အတတ်နိုင်ဆုံးကုသပေးပါမယ်"
" ကျွန်တော့်ရောဂါက သူမှ မကုရင် ဘယ်သူမှကုနိုင်မယ် မထင်ပါဘူး
doctor ကျွန်တော့်ကိုကူညီပါ မင်းမြတ်ကုဋေကုဋာ ဆီက အချစ်က်ို ရဖို့ ဘာလုပ်ရမလဲ
သူကျွန်တော့်ကို သံယောဇဥ် ဖြစ်နေတာသိတယ် ဒါပေမဲ့ ဗျာ
သူကျွန်တော့်ကို ဇွတ်ငြင်းနေတယ် "
အောင်ကျော်ကျော်ရဲ့လက်ကို သူ့ခံစားချက်ကို ဖွင့်ပြနေသော
ခေါင်ခိုက်မဟာ ကြောင့်အောင်ကျော်ကျော်တစ်ယောက် ခေါင်းသာ ခါလိုက်မိလေ၏ ။
" ဒီမှာ ကျွန်တော်က အချစ်တရားစီရင်ခန်း ဖွင့်ထားတာမဟုတ်ဘူး ကျွန်တော်က ဆရာဝန် ရောဂါတွေပဲကုတတ်တာ
လောလောဆယ်တော့ ကျွန်တော့်လက်ကို အရင်လွှတ်လိုက်ရင် ကောင်းမယ် "
အောင်ကျော်ကျော်တစ်ယောက် တည်ငြိမ်ရင့်ကျက်စွာနဲ့ပင်
ခေါင်ခိုက်မဟာ ကိုပြန်ပြောလိုက်လေသည်။
ESTÁS LEYENDO
ခေါင်ခေါ်ဆောင်ရာ လိုက်ခဲ့မယ်
Romanceအသုံးနှုန်းများကြမ်းနိုင်ပါသဖြင့်18နှစ်မပြည့်သူများ 18ခါမဖတ်ကြဖို့ ကျွန်တော်တောင်းဆိုပါတယ်
