" ခင်ဗျားကြီးကျွန်တော့်ကို တကယ်ချစ်တာလား "
ရုံးခန်းထဲက ဆိုဖာပေါ်မှာမှီရင်း ခေါင်ခိုက်မဟာ ကိုမေးလိုက်သော မင်းမြတ်ကုဋေကုဋာ။
မင်းမြတ်ကုဋေကုဋာ တွေးနေမိသည်။ သူဒီမေးခွန်းကိုမေးလို့ဖြစ်ပါ့မလားဆိုတာကိုပေါ့ ။
အခုသူရှံးပြီးဆိုတာကို သက်သေပြလိုက်တဲ့သဘောမျိုးပင်။
သုံးလဆိုတဲ့အချိန်မပြောနဲ့အချိန်တိုတွင်းလေးမှာတင်သူရင်ခုန်မိခဲ့လေသည်။
" တကယ်မချစ်ဘူး "
ခေါင်ခိုက်မဟာ လည်းသူ့ကိုမေးလာတဲ့မင်းမြတ်ကုဋေကုဋာ
ကို စချင်လာတာနဲ့ ပြောလိုက်တော့ချစ်ရသူဆီမှ
မျက်စောင်းလေးဖြင့်အထိုးခံလိုက်ရလေ၏ ။
" ဘာ လူယုတ်မာ "
" အမလေးဗျာ baby ကလဲ စိတ်ကြီးပဲ ကိုယ်ကစတာပါ
ကိုယ့်အသက်ထက်တောင် babyကို ပိုချစ်သေးတယ်
baby ရော ကိုယ့်ကိုချစ်တယ်မို့လား ဟင် "
ခေါင်ခိုက်မဟာ ရဲ့အမေးကိုချက်ချင်းမဖြေဘဲ ခေါင်းသာငုံ့ထားသော မင်းမြတ်ကုဋေကုဋာ
အချစ်မှာ အချိန်အကန့်သတ်မရှိသလို ခွဲခြမ်းစိတ်ဖြာခြင်းလည်းမရှိပေ။
မင်းမြတ်ကုဋေကုဋာ တစ်ယောက်အရှူံးပေးလိုက်ပါပြီ။
" ကျွန်တော်လည်း ခင်ဗျားကို ရင်ခုန်တယ် "
" ဟွန်းးး ရင်ပဲခုန်တာလား ကိုယ့်ကိုမချစ်ဘူးလားဟင် "
ရင်ခုန်တာနဲ့ချစ်တာကို မတူဘူးလို့သတ်မှတ်ထားတဲ့ ခေါင်ခိုက်မဟာ က ပြန်မေးလိုက်တော့ ဆန့်ကျင်ဘက်လားရာ သွားသလိုဆိုပင် မင်းမြတ်ကုဋေကုဋာ တို့ ဒေါပွလေပြီ ။
" ဘောပဲ ချစ်လို့ရင်ခုန်တာပေါ့
မချစ်ရင်
ဟောဒီ ရင်ခုန်ဖို့မပြောနဲ့ တုန်တောင်မတုန်ဘူး "
" မဟုတ်ဘူးလေ baby ရာ လူတိုင်းရင်ခုန်တတ်တာပေါ့
ရင်မခုန်တတ်ရင်သေသွားမှာပေါ့ "
" မဟုတ်ဘူးဆို ခင်ဗျားကြီးရာ ရင်ခုန်တာအချစ်
ခင်ဗျားပြောတဲ့သေတာရှင်တာနဲ့ မဆိုင်ဘူး "
YOU ARE READING
ခေါင်ခေါ်ဆောင်ရာ လိုက်ခဲ့မယ်
Romanceအသုံးနှုန်းများကြမ်းနိုင်ပါသဖြင့်18နှစ်မပြည့်သူများ 18ခါမဖတ်ကြဖို့ ကျွန်တော်တောင်းဆိုပါတယ်
