အပိုင်း(9)🔞uni+zawgyi

9.6K 375 50
                                        

မျက်နှာဝိုင်းလေးနဲ့ဖူးဖူးလေးဖြစ်နေသော သူ့နှုတ်ခမ်းပါးလေးဟာ ပင်ကိုယ်ပန်းရောင်သန်းနေလေသည်။
ဘေးတစ်ခြမ်းလေးငေးကြည့်နေရရုံတင် နမ်းချင်စရာလေးဖြစ်နေသော နှုတ်ခမ်းပါးလေးကြောင့်  ခေါင်ခိုက်မဟာ တို့ရေငတ်သလိုလို တစ်ခုခုလိုအပ်နေသလိုလို ဖြစ်လာလေ၏ ။

" ကိုယ့်ကလေးလေး "

ခဏတာတိတ်ဆိတ်သွားသော သူတို့နှစ်ယောက်ကြားမှာ ခေါင်ခိုက်မဟာ ကထိုတိတ်ဆိတ်မှုကိုစတင်ဖြိုခွင်းလိုက်ပြန်လေသည်။

" ဘာလဲ "

ခေါင်ခိုက်မဟာ တို့နူးညံ့သလောက် မင်းမြတ်ကုဋေကုဋာ ပြန်ထူးလိုက်သော ဘာလဲ ဆိုသော အသံကြောင့် ခေါင်ခိုက်မဟာ တစ်ယောက် သူ့ဘယ်ဘက်ရင်အုံကို လက်ကလေးဖြင့် အသာလေး ဖိလိုက်လေတော့သည်။

" ကိုယ့်ကလေးလေးရယ် ဖြေးဖြေးထူးလဲရပါတယ် ကိုယ့်အတွက် coffee တစ်ခွက်လောက်ရနိုင်မလား "

မင်းမြတ်ကုဋေကုဋာ တစ်ယောက် မရယ်မပြုံးမျက်နှာထားဖြင့် ခေါင်ခိုက်မဟာ ရဲ့စကားအဆုံးဘာတစ်ခွန်းမှ ပြန်မပြောဘဲ
အခန်းထဲကနေ ကောက်ကာငင်ကာ coffee ဖျော်ဖို့ ထထွက်သွားလေတော့၏ ။

ခဏအကြာတော့ coffee တစ်ခွက်ကို ကိုင်ကာ ပြန်လာခဲ့ပြီး ခေါင်ခိုက်မဟာ စားပွဲပေါ် တင်ပေးလိုက်လေသည်။

" ကိုယ့်ကလေးလေး ဒါက coffee လား "

ခေါင်ခိုက်မဟာ တစ်​ယောက်သူ့စားပွဲပေါ်က coffee ခွက်ကို ကြည့်ပြီး coffee လားလ်ို့ ပြန်မေးလိုက်တော့
မင်းမြတ်ကုဋေကုဋာ လည်း စားပွဲပေါ်ကို  အားဖြင့်လက်နှစ်ဖက်ကို ထောက်လိုက်ကာ ခေါင်ခိုက်မဟာ ကို စိုက်ကြည့်လိုက်လေသည်။

" coffee မဟုတ်ဘူး အဆိပ် "

" အော် ကိုယ်သိပြီး သိပြီး ကိုယ့်ကလေးလေး ပြောလိုက်တာ
coffee မဟုတ်ဘူး အချစ် အချစ်

သိတတ်လိုက်တဲ့ ကိုယ့်ကလေးလေးဗျာ ရပြီး သွားသွား
ကိုယ်အချစ်တွေသောက်လိုက်အုန်းမယ် "

မင်းမြတ်ကုဋေကုဋာက်ို မျက်နှာတည်ကြီးဖြင့် ခေါင်ခိုက်မဟာ တစ်ယောက် မခံချင်အောင်စလိုက်တော့  မင်းမြတ်ကုဋေကုဋာ တို့   လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ကာ ရုံးခန်းထဲကနေ  ချက်ချင်းထွက်သွားလေသည်။

ခေါင်ခေါ်ဆောင်ရာ လိုက်ခဲ့မယ်Donde viven las historias. Descúbrelo ahora