6(Uni)

366 20 0
                                    

"ကလောင်"

messenger noti သံကြောင့် ဈာန် ကြည့်လိုက်မိသည်။မေမြတ်နိုးဆီက video တစ်ခုပို့လာသည်။

အလင်းအိပ်ငိုက်နေတာကို ခိုးရိုက်ထားတဲ့ video ဖြစ်သည်။ဈာန်လည်း video ကိုကြည့်ပြီးပြုံးမိသည်။

ဈာန် စာမေးပွဲရှိသဖြင့် တစ်ညလုံး ဈာန်နဲ့ video call ခေါ်ပြီး အဖော်ပြုပေးသည်။ဈာန်က အိပ်ရေးပျက်မည်ဆိုးသောကြောင့် အိပ်ခိုင်းသော်လည်း ခေါင်းမာသူလေးက ဈာန်စာလုပ်မပြီးမချင်း ထိုင်စောင့်သည်။အခုတော့ စာသင်ချိန်မှာ အိပ်ငိုက်နေပြီဖြစ်သည်။

ဈာန်လည်း video လေးကို save လိုက်သည်။ချစ်သူလေးက အိပ်ငိုက်နေတာတောင် အသည်းယားစရာပင်။

ဈာန် သင်တန်းဆင်းတော့ Ice coffee ဝယ်ကာ အလင်းဆီကို ထွက်လာခဲ့သည်။အလင်းတို့အတန်းက မဆင်းသေးတော့ စောင့်ရဦးမည်ဖြစ်သည်။ဈာန်လည်း အလင်းတို့ ကျောင်းဆောင်ရှေ့က သွားစောင့်မည်စိတ်ကူးကာ Ice coffee ဘူးကိုင်၍ လျှောက်လာခဲ့သည်။

"ဟေး...ဈာန် ဘယ်လဲ။"

"သြော်....ယု အတန်းဆင်းပြီးလား။"

"အေး....လက်ထဲက Ice coffee ဘူးကသောက်ချင်စရာ။"

"ယု သောက်ချင်ရင်သောက်လေ"

ဈာန်လည်း မိန်းကလေးတစ်ယောက်က စကားခေါ်နေသည်ကို ကတ်သပ်ပြီးမနေချင်တာနဲ့ လောကွတ်လုပ်လိုက်ရသည်။ဘယ်သူထင်မလဲ။တကယ်ယူသောက်မယ်လို့။ယုက ဈာန်လက်ထဲက Ice coffee ဘူးလေးကို ပြုံးရွှင်စွာ ယူသောက်လိုက်သည်။

"ကျေးဇူး ဈာန်"

ဘယ်တတ်နိုင်မလဲ။ချစ်ရသူလေး အတန်းမဆင်းခင် နောက်ထပ်သွားဝယ်တာပေါ့။

"ရပါတယ်။ ယုက ဘာတက်နေတာလဲ။"

"သမိုင်း"

ယုက ခေါင်းလေးငုံ့ကာဆိုလာသည်။

"ယုကမှ ဆယ်တန်းအောင်သေးတယ်။ ငါဆိုဆယ်တန်းကို မအောင်ဘူး။"

ဈာန်က အားငယ်နေဟန်ရှိသော ယုကို အားပေးစကားဆိုလိုက်သည်။ထိုအခါမှ ယုကရယ်မောလာကာ

"ဈာန် ကော်ဖီဖိုးပေးတဲ့အနေနဲ့ တစ်ခုခုပြန်ကျွေးချင်တယ်။ canteen သွားရအောင်။"

I wish you  love meWhere stories live. Discover now