13(Zaw)

123 1 0
                                    

"ဟဲ့အကောင် ဆေးရုံမှာ ဇွတ်သေမနေနဲ့ဦး"

မြတ်နိုးက ဆေးရုံကုတင်ပေါ်ဆန့်ဆန့်ကြီးလှဲ၍ အိပ်နေသော ဖြိုးကျော်ကို လက်ထဲမှ စာအုပ်ဖြင့်ရိုက်ပြီးနှိုးလိုက်သည်။

မြတ်နိုးနဲ့သဲစုကျော်က ဈာန့်ဆီသတင်းမေးလာကြတာဖြစ်သည်။ဈာန့်ကိုသတင်းမမေးနိုင်သေး။ အခန်းထဲဝင်လာသည်နှင့် အမြင်မတော်သည့်ဖြိုးကျော်ကို နှစ်ယောက်သား အာရုံရောက်နေကြသည်။

"မြတ်နိုးရာ အိပ်ချင်လို့ပါ"

ဖြိုးကျော်က မြတ်နိုး နှိုးသည်ကို အရေးမစိုက် တစ်ဖက်လှည့်ကာပြန်အိပ်သည်။

"လူနာက နင့်ကိုပြန်စောင့်နေရပြီ အကောင်ရဲ့"

သဲစုကျော်ကပါ ဝင်ပြောပြန်သည်။

ဈာန်၏လူနာကုတင်ကို ဖြိုးကျော်က အပိုင်စီးထားသောကြောင့် ဈာန်ကလူနာစောင့်များထိုင်ဖို့လုပ်ထားသော ခုံတန်းရှည်ပေါ်တွင် ထိုင်နေရသည်။

"နင်တို့လူနာက သူ့ဆေးနဲ့သူဆိုပျောက်တယ် သူ့ဟာလေးသာခေါ်လာပေးလိုက် ငေါက်ခနဲဆို ထထိုင်လိမ့်မယ်"

ဈာန်က သွေးထွက်နည်းနည်းများသွားလို့ ဆေးရုံမှာ ဆေးကုသမှုခံယူလိုက်ရသည်။တစ်ညလုံးကုတင်ပေါ်မှာ ဆေးအရှိန်နဲ့လှဲနေရတဲ့ဈာန်က မနက်လင်းခါနီးလောက်မှာ သတိကောင်းကောင်းမွန်မွန်ရလာသည်။သတိရရခြင်း  သူ့အလုပ်က ချစ်ရသူလေးဆီဆက်သွယ်ဖို့လုပ်ခြင်းဖြစ်သည်။သူ့ချစ်သူဆီကို ဆက်သွယ်လို့မရတာနဲ့ ဈာန်က စိတ်ပူပြီး အိပ်မရတော့။ဒါနဲ့ပဲ ဖြိုးကျော်က ဈာန့်ကုတင်ကို အပိုင်စီး၍ ဝင်အိပ်ခြင်းဖြစ်သည်။ဈာန်ကတော့ လျှောက်ကြည့်လိုက်၊ပြန်ထိုင်လိုက်ဖြင့် ချစ်ရသူလေးအတွက် စိတ်သောကရောက်နေရသည်။

"အိပ်ပါစေဟာ"

ဈာန်လည်း အမြင်မတော်၍ ဝင်ပြောပေးလိုက်ရသည်။ဖြိုးကျော်က သူလိုအပ်သမျှကို တစ်ညလုံးလုပ်ပေးထားရတာ​​ရော ၊ကျောင်း၏ညနေဆည်းဆာပွဲကြောင့်ရော ပင်ပန်းထားတာဖြစ်၏။

မြတ်နိုးနဲ့ သဲစုကျော်က ဈာန့်အပြောကြောင့် လက်လျှော့သွားပြီး ဈာန့်ဘေးဝင်ထိုင်လိုက်သည်။

I wish you  love meWhere stories live. Discover now