"မျက်စိကို တော်တော်လေးနောက်နေပြီ။"
"မနာလိုမဖြစ်နဲ့၊ ကိုယ့်ကုသိုလ်ကံနဲ့ ကိုယ်ဖြစ်လာတာ။"
မြတ်လင်း၏စကားကို ဖြိုးကျော်ကျော်က ခပ်ကြွားကြွားလေး ပြန်ပြောသည်။
ဖြိုးကျော်က ဒီနေ့ည final က စီနီယာကိုကြီးများ၏ နှုတ်ဆက်ပွဲကို သွားမှာဖြစ်သည်။ပွဲကကြီးကြီးမားမား မဟုတ်။ ဆိုင်တစ်ခုမှာ ခင်မင်သည့်အပေါင်းအပါများ အားလုံးစုပြီး သောက်ကြစားကြမည် ဖြစ်သည်။မည်သူနဲ့မဆို ခင်ခင်မင်မင်နေတတ်သော ဖြိုးကျော်ကျော်ကိုလည်း ဒီပွဲသို့လာရန် ခေါ်ထားကြသည်။
ဒါကြောင့် ဖြိုးကျော်ကျော်မှာ သွားဖို့ပြင်ဆင်နေရသည်။ဒီတစ်ခေါက်စာမေးပွဲ မကျခဲ့သော်လည်း လူတွေ့ စာမေးပွဲကြောင့် စာလုပ်နေသော မြတ်လင်းနဲ့ ကျော်ကျော်နိုင်အဖို့တော့ မျက်စိနောက်စရာပင်။
"အေးနော် မူးကွဲနေလို့ -င် အချခံနေရဦးမယ်။"
"မင်းလိုနှာဘူးကောင် တစ်ယောက်မှမပါလို့ စိတ်ပူမနေနဲ့။"
"အေးပါ၊ 'ညီ' 'ညီ' နဲ့ ဟိုက ချော့ချသွားမှာ။"
"မင်းမယားကို စိတ်မချရင် လိုက်သွား။"
ကျော်ကျော်နိုင်လည်း စာကကျက်မရတဲ့အထဲ သတ်နေကြတဲ့ နှစ်ယောက်ကို အမြင်ကပ်တာနဲ့ ထပြောလိုက်သည်။
"စိတ်မချလို့မဟုတ်ပါဘူး နောက်ပြီးမှ မျက်ရည်ခံထိုးပြီး ငါ့ကို တာဝန်ယူခိုင်း....
ဖြိုးကျော်ကျော် ငါကစတာ မလုပ်နဲ့လို့"
"ဒေါက်"
မြတ်လင်းရဲ့စကားတောင်မဆုံး အနားမှာရှိတဲ့ ရေမွှေးပုလင်းနဲ့ ကောက်ပစ်သူကြောင့် မြတ်လင်းလည်း အမြန်ရှောင်တိမ်းရသည်။
ဒီခွေးကောင်ကြောင့် ရေမွှေးဘူး အသစ်ဝယ်ရတော့မယ်။
ဖြိုးကျော်ကျော် ဆိုင်ကို ရောက်တော့ လူပင် အတော်စုံနေပြီဖြစ်သည်။ကိုလင်းရောင်ခြည်၏ဘေးက တစ်စုံတစ်ယောက်ကြောင့် ဖြိုးကျော်ကျော်မျက်လုံးပြူးသွားရသည်။
ဒီနေရာကို ရောက်နေတာ သူ့ရဲ့ဆိုင်ရာပိုင်ရာကြီးရော သိလို့လား။