"ရှင်းရှင်းရာ မပြီးသေးဘူးလား။"
"ကိုလေးကလည်း တစ်ဖက်ပဲကျန်တော့တာပါ။"
စိတ်မရှည်စွာ သုန်မှုန်နေသော အစ်ကိုလေးဖြစ်သူကို ရှင်းမဟာနိုင်က အရေးမစိုက်။ပါးပြင်ပေါ်မှ ပါးကွက်လေးကိုပြီးအောင်သာသေချာကွက်ပေးနေလိုက်သည်။သူကလည်း အလင်းမဟာနိုင်၊ ကိုယ်ကလည်း ရှင်းမဟာနိုင်ဆိုတော့ နှစ်ယောက်လုံးက တစ်ယောက်မှ အလျော့ပေးရတာကို သဘောမကျ။
အလင်း မန္တလေးကို ရောက်နေခြင်းဖြစ်သည်။အလင်းက
မန္တလေးမှာ ဒေါ်လေးဖြစ်သူကို မလွန်ဆန်နိုင်လို့သာ နေ နေရသည်။မန္တလေးမှာ လုံးဝမနေချင်တဲ့ အလင်းကတော့ အဒေါ်ဖြစ်သူများစိတ်မပျက်ပျက်အောင် အရွှဲ့တိုက်နေမိသည်။ရောက်တဲ့နေ့ကတည်းက ထမင်းစားချိန်သာ အခန်းအပြင်ထွက်တတ်သည်။တစ်ချိန်လုံး ဖုန်းကြည့်၊ဖုန်းအားကုန်သွားရင်အိပ်နေတတ်သည်။ဒါပေမယ့် ညီမအငယ်ဆုံး ရှင်းမဟာနိုင်ကတော့ ကျောင်းအားတဲ့ရက်များတွင် အခုလိုမျိုး နှောက်ယှက်သည်။အလင်းကလည်း ခေါင်းမာသလို ရှင်းရှင်းကလည်း တဇွတ်ထိုး။ဒါကြောင့် အလင်းက ရှင်းမဟာနိုင်၏လက်ကတော့ ဘယ်တော့မှ မလွတ်ခဲ့။
"တန်...ကိုလေး ကြည့်ကောင်းသွားပြီ။"
ဆံပင်ရှည်များကို ရှေ့မှအနည်းငယ်စုစည်းပေးထားပြီး ပါးနှစ်ဖက်မှာ သနပ်ခါးပါးကွက်ကြားသေးသေးလေးများကို ကွက်ထားပေးသည်။
"ကောင်းကောင်းမွန်မွန်အိပ်လို့ရပြီလားခင်ဗျ။"
"ကိုလေးကလည်း မီးသေချာပြင်ပေးထားတာကို"
"အဲ့တာဆို ဘာလုပ်ပေးရဦးမှာလဲ။"
"ခဏလေး ဓာတ်ပုံ ရိုက်ယူလိုက်ဦးမယ်။"
ရှင်းမဟာနိုင်က သူ့စိတ်ကြိုက် ဓာတ်ပုံများကို ရိုက်ကာယူသည်။သူကြိုက်တဲ့ post မျိုးစုံဖြင့် သူ့စိတ်ကြိုက် အစ်ကိုဖြစ်သူကို လုပ်ခိုင်း သည်။မျက်နှာမှာတော့ အလိုမကျဟန်အပြည့်ရှိနေသော အလင်းပုံစံက ရှင်းမဟာနိုင်အတွက် တမျိုးဆန်းနေပုံ။သဘောတကျဖြင့် ပုံများစွာကိုသာ ရိုက်ယူနေသည်။