9(Uni)

347 21 1
                                    

"ဈာန် ထမင်း မစားသေးဘူးလား။"

"ငါ ဒီတစ်ဧက မောင်းပြီးတော့မှပဲ စားတော့မယ်။"

ဈာန့်စကားကြောင့် ဖြိုးကျော်ကျော်လည်းနောက်ထပ်ခေါ်မနေတော့ဘဲ ထမင်းချိုင့်ဖွင့်ကာ စားဖို့ပြင်လိုက်တော့သည်။ဈာန်နဲ့ ဖြိုးကျော်ကျော်က ရွာပြန်ရောက်နေခြင်းဖြစ်သည်။ဖြိုးကျော်ကျော်က တောင်တက်မလိုက်ချင်၍ ရွာသို့ပြန်လာခြင်းဖြစ်ပြီး ဈာန်ကတော့ သူ့ဖေကြီးကို ထွန်စက်ကူမောင်းပေးဖို့ ပြန်လာခြင်းဖြစ်၏။ဒီနယ်တစ်ဝိုက်မှာ ဈာန့်ဖေကြီးတို့ပဲထွန်စက်ပိုင်တာဖြစ်သည်။အခုလိုလုပ်ငန်းစခင်းချိန်မျိုးတွင် လက်မလည်အောင်မောင်းရသည်။ထွန်စက်က နှစ်စဥ်နှစ်တိုင်း လူအငှားဖြင့် မောင်းနေကြဖြစ်၏။အလုပ်ရင်လည်းလုပ်နေရမှ၊ချစ်သူလေးရင်လည်း ဂရုစိုက်ပေးနေရမှ နေတတ်သော ဈာန်က ဂရုစိုက်ပေးစရာချစ်သူလေးက တောင်တတက်လိုက်သွားတော့ ထွန်စက် လာကူးမောင်းပေးဖြစ်သည်။ဦးထွန်းရီနှင့် ဒေါ်ခင်မြက သူတို့သားကို မင်းသားတစ်ပါးလိုသာ ထားသည်။ကြီးကြီးတက်မချမ်းသာပေမဲ့ အသက်ကြီးမှရတဲ့သားကိုတော့ တယုတယနှင့် ချစ်ကြသော အဘိုးကြီးအဘွားကြီးများပင်ဖြစ်သည်။

ဈာန်က တစ်မနက်လုံး ထွန်စက်မောင်းနေရပြီး ဖြိုးကျော်ကျော်ကတော့ တဲထဲမှာ တစ်မနက်လုံး ဂိမ်းဆော့နေ၏။နေ့လယ်ကျလာပို့သည့် ထမင်းချိုင့်ကို ဖွင့်စားရုံ။ဈာန်မှာတော့ ချစ်ရသူအတွက် ရှေ့ရေးတွေရော၊ နောက်ရေးတွေရော အတွေးများပြီး ဘယ်တော့မှ အားအားယားယားမနေရ။ဒါကြောင့် ပြောပါတယ်။တစ်ယောက်တည်းနေကြပါလို့။အပူမရှာကြပါနဲ့။ယုတ်စွဆုံး ကုန်ကုန်ပြောရရင် နောက်ဆုံးတစ်ယောက်တည်းဘဝကို စိတ်ကုန်လို့ ဘုန်ကြီးဝတ်ရင်တောင် နောင်ဘဝအတွက် ကုသိုလ်အထောက်အပံ့တစ်ခုပင်။အခုတော့ အနှောင်အဖွဲ့နဲ့ လူသားကြီးက နေပူပူထွန်စက်ပေါ်မှာ။တစ်ယောက်တည်းသမားဖြိုးကျော်ကျော်ကတော့ လာပို့ပေးတဲ့ ထမင်းချိုင့်ကို စားသောက်ပြီး အဆီရစ်လို့ တရေးတမောလောက်အိပ်ဦးမည်​ဖြစ်သည်။

////////

"ဈာန်"

ဈာန်တစ်ယောက် စက်ပူနေသဖြင့် ခဏနားတုန်း နောက်မှ ထွက်ပေါ်လာသည့်အသံလေးကြောင့် အံ့အားသင့်သွားသည်။ ခေါ်သံကြောင့် မယုံနိုင်ခြင်းများစွာနဲ့ လှည့်ကြည့်မိသည်။

I wish you  love meTahanan ng mga kuwento. Tumuklas ngayon