12(Uni)

319 17 0
                                    

"အလင်းက ငါ့ကို အေးစက်နေတယ်"

"အား.....ပူလိုက်တာ"

ဈာန်၏စကားကြောင့် မြတ်လင်းငှဲ့လက်စရေနွေးတောင် လက်ပေါ်ချော်ငှဲ့မိသွား၏။ဘေးမှရှိတဲ့ကျော်နိုင်ကတော့ ဈာန်၏စကားနဲ့ပက်သက်ပြီး အလေးအနက်စဥ်းစားနေလေသည်။သူတို့တွေ ဒီစကားကို ဒီရက်ပိုင်းကြားနေရတာ ဘယ်နှကြိမ်မှန်းကိုမသိ။

"တော်ပါတော့အဖေလေးရယ်"

မြတ်လင်းက တောင်းပန်သောလေသံဖြင့်ဆိုလိုက်ပြီး ငှဲ့ထားသောရေနွေးကိုသာ မှုတ်သောက်နေလိုက်၏။ဈာန့်ဆီမှ ဒီစကားကိုကြားရတိုင်း သူတို့ အကြောင်းပြချက်ကို သေချာစွာမေးမြန်းကြည့်တော့ အရင်လို သူ့ကို မရစ်တော့ မကောက်တော့လို့တဲ့။ဘယ်လောက်တောင် ကလေးဆန်တဲ့အကြောင်းပြချက်ကြီးလဲ။နောက်ပြီး သူပဲ သူများနဲ့မတူ အေးစက်နေတာလေးကို သဘောကျလှပါချည့်ရဲ့ဆို။သူပဲအတင်းဇွတ်တွေဖြစ်ခဲ့တာ။အခုမှ ဒါကို ရေးကြီးခွင်ကျယ်လုပ်ပြီး ဒရာမာတွေစွတ်ချိုးနေသည်။နောက်ပြီးမျက်နှာမြင်ရင် 'အလင်း'နဲ့ 'ဈာန်'နဲ့ ဖြစ်သွားကြတာ။သူတို့က ကြားထဲကနေ နားပူခံနေရ၏။နှစ်ယောက်လုံးကြိုးနဲ့တုတ်ပြီး ရေထဲကန်ချထားချင်စိတ်ပေါက်မိ၏။ဒါပေမဲ့ အခုတော့ သူတိုက်တဲ့ လက်ဖက်ရည်ကိုသောက်နေရတော့ သည်းခံရဦးမည်။

"နောက်တစ်ယောက်တွေ့နေလို့များလား"

"မင်းဘိုးအေကိုတွေ့"

မြတ်လင်းက အလိုက်ကန်ဆိုးမသိတတ်တဲ့ကျော်နိုင်ကို ပိတ်ဆဲလိုက်သည်။ကျောပူသာခံနိုင်သည်။နားပူတော့မခံနိုင်။

အဆဲခံလိုက်ရသည့်ကျော်နိုင်ကလည်း အလျော့မပေးဘဲ

"ဟုတ်တယ်လေ အေးစက်တယ်ဆိုတာ နောက်တစ်ယောက်ကိုမြင်နေလို့ ဒါမှမဟုတ်ရင် မင်းကို စိတ်မလာတော့လို့ပဲ ဖြစ်မယ်"

"​ အေး...အခုမှအမှတ်ရတယ် ကျော်နိုင် မင်းကောင်မလေးကို နောက်တစ်ကောင်နဲ့ ငါတွေ့ခဲ့တယ် ကြည့်လည်းထိန်းဦး တော်ကြာပါသွားဦးမယ်"

မြတ်လင်းလည်း ကျော်နိုင် ပါးစပ်ပိတ်သွားမည့်စကားကို ရွေး၍ပြောလိုက်သည်။မဟုတ်ရင် စိတ်ထဲရှိသမျှကို မထိန်မချန်ပဲပြောတတ်တဲ့ကျော်နိုင်ရဲ့စကားကဘယ်ထိရောက်မယ်မသိ။သူသာဝင်မပြောရင် ကျော်နိုင်ကျေးဇူးနဲ့အတွေးလွန်နေတဲ့ အမောင်ဈာန်တို့ဆွေးကောင်းပေဦးမည်။

I wish you  love meOnde histórias criam vida. Descubra agora