"ယု ဘာဖြစ်နေတာလဲ"
ဈာန် အလင်းစားဖို့ မုန့်ပျားသလပ်််ဝယ်ပြီး အပြန် လမ်းလယ်မှာဆွဲလားရမ်းလားဖြစ်နေကြသည့် ယုမွန်ကျော်နှင့် ကောင်လေးသုံးယောက်ကို တွေ့လိုက်ရသည်။လမ်းက လူပြတ်သော လမ်းဖြစ်သောကြောင့် ကောင်လေးသုံးယောက်က အတင့်ရဲကြဟန်တူ၏။အဲဒီထဲက ကောင်လေးတစ်ယောက်ကို ဈာန်ကောင်းကောင်းသိသည်။ဘောလုံးပွဲမှာ အလင်းကို တမင်တွန်းလိုက်သည့် ရှင်းရတုပိုင်ဆိုသူပင်။ဟိုတနေ့က ဖြိုးကျော်က ပြထားလို့ ဈာန်သိနေခြင်းဖြစ်၏။
"ဈာန် ဒီမှာ ငါ့ကို နှောင့်ယှက်နေကြလို့"
ယုက ဈာန့်ကိုမြင်သည်နှင့် ရှင်းရတုပိုင်၏လက်ထဲမှဆောင့်ရုန်း၍ ဈာန့်ကို အားကိုးတကြီးဆိုလာသည်။
"မိန်းကလေးတစ်ယောက်ကို လမ်းအလယ်မှာဆွဲလာရမ်းလားလုပ်တာမကောင်းပါဘူး"
"တရားဟောချင်ရင် ဘုန်းကြီးဝတ် အခုတော့ ကိုယ့်လမ်းကိုသွား"
ဈာန့်အပြောကို ရှင်းရတုပိုင်က မချေမငံပြန်ဆိုလာသည်။လူကလည်းဂျစ်တစ်တစ်ပုံစံဖြင့်။အံကိုတင်းတင်းကြိတ်ထားသည်မှာ တစ်ခုခုကို ဒေါသထွက်နေဟန်။
ပါးပြင်ထက်က လက်ဝါရာကြောင့် ဈာန်သဘောပေါက်လိုက်သည်။ယုမွန်ကျော်ကလည်း ခေသူတော့မဟုတ်။ဘယ်သူမှအဖော်မပါ ဒီလိုလူပြတ်တဲ့နေရာသို့တစ်ယောက်တည်းလာကတည်းက ဒီလိုကောင်မျိုးတွေကို စာရင်းထဲထည့်ထားဟန်မတူ။အဲ့လိုမာနကြီးမောက်မာလို့ ဒီသကောင့်သားကလည်း မာနကိုချိုးချင်တဲ့ပုံစံ။
"ငါက တရားဟောချင်ရင်တောင် မင်းတို့က လူစကားကောင်းကောင်းနားလည်ရဲ့လား"
ဈာန်က တခြားသူဆို ပြေလည်ရာပြေလည်ကြောင်းညှိနှိုင်းပြောဆိုဦးမည်။ချစ်ရသူလေးကို အနာတရဖြစ်အောင်လုပ်ထားတယ်ဆိုတဲ့စိတ်က ဒီကောင့်ကို တစ်ချက်လောက်ဆော်လိုက်ဦးဟု ခိုင်းစေနေသောကြောင့် ရန်စကားသာပြောမိသည်။
"မင်းဘာစကားပြောတာလဲ"
ရှင်းရတုပိုင်က ဈာန်၏ ကော်လံစကိုဆုပ်ကိုင်ပြီးဒေါသတကြီးဆိုလာသည်။