"ရှိုင်းခေတ် ဘာကိစ္စ"
မိုးမြင့်စံတစ်ယောက် ရှိုင်းခေတ်ကိုမြင်သည်နှင့် အမေး စကားပြုလာသည်။ရှိုင်းခေတ်က အခုဆို LN နဲ့ စာချုပ်ချူပ်ထားတဲ့ LN က artist တစ်ဦးဖြစ်နေပြီဖြစ်သည်။
ရှိုင်းခေတ် LN ကို ခြေချပြီဆိုကတည်းက အလင်း studio ကို အကြောင်းမျိုးစုံပြပြီးလာနေတာဖြစ်၏။အခုဆို အလင်းရဲ့ studio ကို ဝင်ထွက်သွားလာနိုင်သူမှာ မိုးမြင့်စံနဲ့ ရဲရင့်သွေးအပြင် ရှိုင်းခေတ်ပါ တစ်ယောက်တိုးလာသည်။
"စစ အလင်းရှိလား"
"စစ လို့မခေါ်ပါနဲ့ဆို"
မိုးမြင့်စံတစ်ယောက် သူ့ကို စစ လို့ တခြားသူက ခေါ်လာရင်မကြိုက်။ဒီနာမည်ဖြစ်လာရတာလည်း အလင်းကြောင့်ပင်။သူ(မ)နဲ့ ရဲရင့်သွေး အလင်းဆီသို့ အလုပ်ဝင်ချိန်က နာမည်မှတ်ရမှာပျင်းသော အလင်းက အလွယ်မှည့်ခေါ်ထားခြင်းဖြစ်သည်။အခု ရှိုင်းခေတ်ကလည်း အလင်းခေါ်သလို နောက်ကလိုက်ခေါ်ရာမှ မိုးမြင့်စံ မကြိုက်သည်ကို သိ၍ စနောက်ပြီး ခေါ်နေခြင်းဖြစ်၏။
"နောက်တစ်ခါမခေါ်တော့ပါဘူး စစ ရယ်"
ရှိုင်းခေတ်ကပြောပြီး လျှာထုတ်ပြောင်ကာ studio ခန်းထဲသို့ဝင်သွားသည်။မိုးမြင့်စံကသာ အပြင်မှာ မကျေမနပ်ဖြင့် ခြေဆောင့် ကျန်နေခဲ့သည်။
"အလင်း ဘာလုပ်"
အလင်းက ရှိုင်းခေတ်အမေးကို ပြန်မဖြေ။အက video တစ်ခုကိုသာ အာရုံစိုက်၍ ကြည့်နေလေသည်။
"ဒီနေ့လေ.."
"အောက်ဆင်းထိုင်"
ရှိုင်းခေတ်က ပြောရင်းဆိုရင်းဖြင့် စားပွဲပေါ်သို့ တက်ထိုင်လိုက်သောကြောင့် အလင်းက ထအော်လိုက်တာဖြစ်သည်။ရှိုင်းခေတ်လည်း စပ်ဖြဲဖြဲမျက်နှာဖြင့် အလင်းနဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။
အထဲသို့ဝင်လာသော မိုးမြင့်စံကတော့ မှတ်ကရောဆိုတဲ့ ပုံစံမျိုးဖြင့် ရှိုင်းခေတ်ကို ပြောင်ပြနေလေသည်။
"အလင်း မိုမြင့်စံမ ငါ့ကို ပြောင်ပြနေတယ်။"
"အဲ့တော့ မင်း အသားပဲ့ပါသွားလား။"