39(Zaw)

125 0 0
                                    

"ကိုဈာန် အလင်း ရောက်နေတယ်"

အစည်းအဝေးခန်းက ထွက်ထွက်ချင်း ကြားလိုက်ရတဲ့ ဝန်ထမ်းတစ်ဦး၏စကားကြောင့် ဈာန့်ခြေလှမ်းများ ပိုသွက်လိုက်သည်။

နှစ်ကုန်ကာနီးမို့ ဈာန်တို့တစ်ရုံလုံးအလုပ်ရှုပ်နေသည်။အချိန်ပိုတွေဆင်းပြီး လုပ်ရတဲ့အထိကို အလုပ်များအပြီးဖြတ်နေရသည်။ဈာန်၏ချစ်ရသူလေးကလည်း New year concert မှာ Intro ကို Solo Dance အနေနဲ့ဖျော်ဖြေရမှာဖြစ်လို့ Practice Room ထဲကကို ထွက်ရတယ်မရှိ။ခါတိုင်း ဈာန်က အလုပ်ပြီး နှစ်ယောက်အတူပြန်တတ်ပေမယ့် ဒီနေ့အပြီးဖြတ်ရမဲ့အလုပ်တွေရှိနေသဖြင့် အပြန်နောက်ကျမည်ဖြစ်သော​ကြောင့် ချစ်ရသူလေးကို အရင်ပြန်စေဖို့ ဖုန်းဆက်ထားသည်။ဈာန်၏ချစ်ရသူအဆိုးလေးကတော့ စကားဘယ်တော့မှ နားမထောင်။အိမ်မပြန်ဘဲ ဈာန့်ရုံးကို ရောက်ချလာသည်။

ဈာန်ကသာ အလင်း စတူဒီယိုကို ဘယ်နားဘာထားတယ်ကအစသိပေမယ့် အလင်းက ဈာန့်ရုံးခန်း ဘယ်ဘက်လှည့်ဆောက်ထားမှန်းကိုမသိ။ဈာန့်အလုပ်ရုံးနဲ့ပက်သက်ပြီး စိတ်ဝင်စားမှုမရှိတဲ့ချစ်ရသူလေးကြောင့် ဈာန်က ရုံးခန်းသော့လည်းပေးမထားမိ။အခုလို ရုတ်တရက်ရောက်ချလာတော့ အပြင်ကပဲစောင့်နေရတော့မည်။

အပြင်ကစောင့်နေရတဲ့ချစ်ရသူလေးက ဈာန် မလာမချင်း ဂိမ်းဆော့၍စောင့်နေမည်။ဒါက ထွေထွေထူးထူးအကြောင်းမဟုတ်။ ဈာန်၏ချစ်သူလေး ဘာလုပ်လုပ် ဈာန့်ထက်ပိုပြီးသည်းသည်းကဲကဲဖြစ်နေကြသည့် ရုံးမှ ဖန်တစ်သိုက်ကို ဈာန် စိတ်မချတာဖြစ်သည်။

ဈာန်ထင်သည့်အတိုင်းပင်။ဈာန်ရောက်သွားတော့ ဧည့်တွေ့ခန်းနားမှာ စုရုံးစုရုံးဖြစ်နေသည့်ဝန်ထမ်းတစ်သိုက်။ဧည့်တွေ့ခန်းက မှန်များဖြင့်ကာရံထားသောကြောင့် အထဲမှာ ဂိမ်းထိုင်ဆော့နေသည့် ဈာန်၏ချစ်သူလေးကို အတိုင်းသားမြင်နေရသည်။

ဂျင်းအနက်ရောင် ဒူးအပြဲနှင့် တီရှပ်အနက်လေးကို ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားသည်။မနက်က ဈာန်အတင်းဝတ်ပေးလိုက်တဲ့ ရှပ်လက်ရှည်ကိုလည်း ဖြစ်သလိုထပ်ဝတ်ထားသည်။ရွှေအိုရောင်ဖျော့ဖျော့လေး
ဆိုးထားတဲ့ဆံပင်တွေကလည်း သေချာပုံမသွင်းထားတော့ ခပ်ဖွာဖွာလေးဖြစ်နေ၏။ဘာမှ ထွေထွေထူးထူး ပြင်ဆင်မထားပဲနဲ့ကို ဆွဲဆောင်မှုရှိနေတာ ရှေ့ဘဝကဆုတောင်းကောင်းခဲ့တာလားမသိ။

I wish you  love meWhere stories live. Discover now