(၂)

866 80 10
                                    

[ Zawgyi ]

ဖူဝမ်ဘူတာရုံတွင်ဖြစ်သည်။

လက်ဆွဲအိတ်တစ်ခုသာကိုင်လျက် ရထားတွဲ
အထူးတန်းမှဆင်းလာသူ ယောကျာ်းပျိုဟာ
အညိုရောင်ကုတ်နှင့်လိုက်ဖက်စွာ ဝတ်ဆင်
ထားပြီးပုံမှန်ခြေလှမ်းလေးများနှင့်သာ .. ။


ဘုတ်!

လက်ထဲမှကိုင်လာတဲ့စာအုပ်တစ်ချို့​လွတ်
ကျသွားပြီး လက်ဆွဲအိတ်ကိုဘေးခနချကာ
ပြန်ကောက်နေစဉ်

"ဟေ့ လူ။"

ဘေးမှာချထားသောလက်ဆွဲအိတ်ကိုယူကာ
ထွက်ပြေးသွားသောကောင်လေး ။
ရှောင်းကျန့်ဘာလုပ်ရမယ်မသိ ​။သူပြေး
လိုက်ဖို့ ပြင်နေတုန်းမှာပဲ ..

မျက်စိရှေ့ကစက္ကန့်ပိုင်းတွင်းဖြတ်ပြေးသွား
သူ .. ဖြတ်ခနဲမြင်လိုက်ရပေမယ့်
အလစ်သုတ်သွားတဲ့ကောင်လေးနောက်
လိုက်ပေးမှန်းသိတာမလို့ ..

ထိုနေရာမှာပဲ ..
ထိုသူကိုရပ်စောင့်နေမိတယ်။

သူထင်တာမမှားခဲ့ ။ခနလောက်ကြာတော့
ထိုအမျိုးသားလက်ထဲမှာ သူ့အိတ်လေးပါ
လာပြီး သူ့ဆီကို​လှမ်းလာနေတယ် ။

"ဒါ ခင်ဗျားအိတ် ဟုတ်သလား ။"

နှုတ်ခမ်းပါးလေးမှဖြေးဖြေးချင်းကွေးတက်
သွားပြီး ထိုနှုတ်ခမ်းပါးလေးအောက်မှမှဲ့နက်
လေးကိုထင်ရှားစွာမြင်နေရတယ် ..

ခေါင်းငြိမ့်လျက် ..

"ဟုတ်ပါတယ် ။ကျေးဇူးတင်ပါတယ်
တစ်ခုခုပြန်ကျွေးပါရစေ ။"

ရိပေါ် လက်ထဲမှအိတ်ကို ထိုအညိုရောင်
ဆန်ဆန်အမျိုးသားကိုလှမ်းပေးလိုက်ပြီး
ခေါင်းရမ်းပြလိုက်တယ် ။

"ကျွန်တော့်တာဝန်မလို့ကျေးဇူးတင်စရာ
မလိုပါဘူး ဗျာ ။ ဒီတော့ ဘာမှလည်းပြန်
လုပ်ပေးစရာမလိုပါဘူး။"

ရှောင်းကျန့် ငေးခနဲဖြစ်သွားမိတယ် ။

မလိမ်ပါဘူးလေ ။ထိုစကားကို ပြောနေချိန်
ထိုအမျိုးသားကခန့်ညားတာထက်ပိုသွားမှန်း
လက်ခံရပါတယ် ..

ထွက်သွားတဲ့ကျောပြင်ကျယ်ကျယ် ..
ခန့်ညားလိုက်တာလေ .. ။

တီရှပ်အပြောင်သားကို ခပ်ပွပွဘောင်းဘီထဲ
ထည့်ထားပြီးစနစ်တကျဝတ်ဆင်ထားတာ။
လူကောင်းတစ်ယောက် မှန်းလည်းသိသာစေ
တဲ့တစ်ချက်အပါဝင်ပါပဲ ။

အချစ်ဆုံးWhere stories live. Discover now