(၁၀)

612 73 5
                                    

[ Zawgyi ]

"ရှောင်း နိုးပြီလား ။
အိပ်နေတာမနှိုးချင်လို့ မောင်တစ်ယောက်ထဲ
ပဲ မြို့ထဲသွားပြီးလိုတာတွေဝယ်ခဲ့တယ်။"

ခေါင်းပဲငြိမ့်ပြတာ အေးစက်စက်အငွေ့သက်
တွေ
တဝဲလည်လည်ဖြစ်နေသလိုပဲ ..

"မင်းမနက်စာဘာကြိုက်မှန်းမောင်မသိလို့
ပေါက်စီနဲ့ကော်ဖီပဲဝယ်လာခဲ့လိုက်တယ် ။"

"အင်း။"

ခေါင်းငြိမ့်ပြကာ အခန်းထဲမှထွက်သွား၏ ။

မနက်အိပ်ယာထစိတ်မကြည်လို့များလား ..
ဒါမှမဟုတ်အိပ်ရေးမဝလို့လား ။
တစ်ခုခုတော့ဖြစ်နေတာသေချာတယ် ။
ဘာလို့ဆို ခံစားမိနေတယ် ဒီအမျိုးသားရဲ့
ိအေးစက်တဲ့အမူရာကိုသတိထားမိနေတယ် ။

အကြောင်းရင်းမယ်မယ်ရရမရှိဘူး။
ဒါပေမယ့် ဒါဟာ သူ့ခံစားချက် ၊ စိတ်ကသိ
နေတာ ။

ရေချိုးအဝတ်စားလဲပြီးတော့ ထမင်းစားခန်း
ထဲကအသင့်ပြင်ထားတဲ့ စားပွဲပေါ် ရှိမုန့်နဲ့
ကော်ဖီပူနွေးနွေးတစ်ခွက်ကသူ့ကိုကြိုဆို
တယ် ။

ဒါဖြင့် .. မောင်ကဘယ်ရောက်နေတာတုန်း။


တွေးနေတုန်းရှိသေး .. လှမ်းမြင်လိုက်ရတဲ့
ပုံရိပ်ကတဖြေးဖြေးနီးကပ်လာပါ၏ ။


ထမင်းစားခန်းထဲလျှောက်လာတဲ့ဗိုလ်မှုးက
နက်ပြာရောင်ဘက်အနည်းငယ်သွားတဲ့
ဝမ်းဆက်ကိုခန့်ညားစွာဝတ်ဆင်ထားပြီး
အလယ်တည့်တည့်တွင်နေမင်းကိုကိုယ်
စားပြုသည့်တံဆိပ်ရှိတဲ့ ဦးထုပ်ကိုလက်တစ်
ဖက်ကပိုက်ထားသည် ။

ချောမောခန့်ညားခြင်းနှင့်အပြည့်ဆုံ ဆုံး
အမျိုးသား ။


"မောင် အလုပ်သွားတော့မယ်"

"အင် .. အင်း။မနက်စာရော မစားတော့ဘူး
လား .. "

"မောင်ကအလုပ်သွားရင်မနက်စာမစားတတ်
ဘူး ။"

ရယ်သွေးနှော၍ပြန်ဖြေလာတဲ့ မောင် ။

"ဘာလို့လဲ အကျင့်ဖြစ်နေတာလား ။
ဟုတ်လား မောင် .. ဒါဆိုအဲ့အကျင့်ဖျောက်
မှပဲ။"

အချစ်ဆုံးWhere stories live. Discover now