(၂၄)

655 48 7
                                    

[ Zawgyi ]

"မောင် .. "

"အင်း"

"မောင် ခနပဲစောင့်ပေးပါ .. မကြာခင်ဖွားဖွားနဲ့
အတူမောင်အပြစ်ကင်းကြောင်းသက်သေယူ
လာမှာမလို့ ။"

"မောင့်ကိုစိတ်မပူနဲ့ .. ရှောင်း ကပဲလုပ်စရာရှိ
တာကိုသေချာလုပ် ။အမှားယွင်းဖြစ်လို့မရ
ဘူး ။"

"အင်း။"

"ဧည့်တွေ့ချိန်ကျော်သွားပါပြီ သခင်လေး။"

ဘေးမှာရပ်စောင့်နေတဲ့ အစောင့်ကောင်လေး
ထံမှ စကားသံ ။

ဗိုလ်မှုးဝမ်ကိုမျက်ဝန်းညိုများမှအနူးညံ့ဆုံး
ပြုံးပြလို့ ချစ်သည်းညှာကနှုတ်ဆက်တယ် ။

အို .. မောင့်ချစ်သည်းညှာကသိပ်လှသောပါ
ပဲ။

မောင် တော့မောင့်နှလုံးသားကိုဒီ့ထပ်ပိုပြီး
ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူး ။

တ​ဖြည်းဖြည်း ဒီဂန္တဝင်အမျိုးသားလေးရဲ့
သူ့တစ်ယောက်ထဲအပေါ် မှာပဲထားရှိတဲ့
နူးညံ့ကြင်နာမှုတွေဆီ စတင် ပျော်ဝင်လို့နေပြီ


××

"ဖွားဖွားကြီး ဧည့်သည်ရောက်နေတယ် ။"

စာကြည့်ခန်းထဲကထွက်ပြီး ခြံရှေ့ကိုကိုယ်
တိုင်သွားကြည့်မှ ဗိုလ်မှုးရဲ့အမေဖြစ်နေမှန်း
သိတော့တယ် ။

ဗိုလ်မှုးအမေကတစ်ခေါက်လာဖူးပေမယ့်
အလုပ်သမားအသစ်တွေကမသိကြပေ ။

ဘေးမှာလည်း ခပ်ငယ်ငယ်ကောင်မလေး
က ရိုးရိုးရှင်းရှင်းလက်ဆွဲအိတ်လေးတစ်လုံး
နှင့်ပါလာ၏ ။

"ကြည့်ရတာ ဗိုလ်မှုးသတင်းကြားလို့ရောက်
လာတာထင်ပါရဲ့ ။"

"ဟုတ်တယ် ။ဗိုလ်မှုးကိုစိတ်ပူလို့အခြေအနေ
သိရအောင်လာခဲ့တာ .. အနှောင့်ယှက်များ
ဖြစ်သွားမလား ။"

"မဖြစ်ပါဘူး ။ကျွန်မတို့ကဆွေမျိုးတွေပဲ
ဒါပေမယ့် ဒီကိစ္စကသိပ်တော့စိတ်ပူစရာမလို
ပါဘူး ။ကျွန်မမြေးနဲ့ဗိုလ်မှုးကအသာလေး
ကိုင်တွယ်နိုင်တယ်"

"တော်သေးတာပေါ့ .."

သူနဲ့ ဗိုလ်မှုးအမေပြောနေသည်ကိုအစောက
ပါလာသည့်မိန်းကလေးကဘေးတွင်ကုပ်ကုပ်
လေးထိုင်ကာနားထောင်နေသည် ။

အချစ်ဆုံးWhere stories live. Discover now