[ Zawgyi ]
"ရှောင်းလီကိုရှာပေးပါ။"
"ပြီးတော့ ရှောင်းလီရဲ့ကလေးကိုလည်း
တွေ့အောင်ရှာပေးပါ။""ဖွားဖွားရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေး
ပါကွယ်"မနေ့ညက
ဖွားဖွားပြောခဲ့တဲ့စကားများကိုသူပြန်ကြား
ယောင်နေမိသည်။လူတွေပြောနေကြသလိုမျိုး .. ဖွားဖွားဆီမှာ
နောက်ထပ်မြေးမတစ်ယောက်ရှိနေသည်ပဲ။တစ်နည်းအားဖြင့် .. သူ့ရဲ့အမအရင်းဖြစ်သူ။
ဗိုလ်မှုးဘူတာရုံသွားသည်နှင့် ဖွားဖွားနဲ့သူ
ကျဲလီ ရဲ့ပုံကိုမိသားစုဓာတ်ပုံခန်းများရှိသည့်
အခန်းတွင်သွားရှာရမည်။"ရှောင်း .. "
ရေချိုးခန်းထဲကထွက်လာသည့်မောင်က
အဝတ်မလဲရသေးဘဲခုတင်ပေါ် ထိုင်နေတဲ့
သူ့ကိုမြင်တော့လှမ်းခေါ် သည်။သဘက်တစ်ထည်သာအောက်ပိုင်းကိုပတ်
ထားသည်မို့ ...ရှောင်းကျန့်ပြာယာခတ်သွားကာအဝတ်ဗီရို
ရှိရာထသွားမည်ပြင်နေတုန်းမှာပဲ(အင့်!)
လက်ကနေဆွဲပြီးရှောင်းကိုသူ့ဘက်လှည့်စေ
လိုက်ကာ..."ရှောင်း"
နီးကပ်နေသည်မို့ခပ်တိုးတိုးခေါ် သည့်အသံ
ရဲ့လေညှင်းကရှောင်းကျန့်မျက်နှာကိုရိုက်
ခတ်လာသည်။"မောင်..မောင်လေ ... "
"နောက်မှပြောတာကောင်းမယ်ထင်တယ်
မောင်
အဝတ်လဲပါရစေဦး။""နေပါဦး။မောင် .. ဘာပြောမှာလဲရှောင်းသိ
လို့လား။""မသိပေမယ့်အခုလိုပြောလို့ .. အဆင်မပြေ
ဘူးလေမောင်ရယ်။"ရှောင်ထွက်သွားတော့မည့်ရှောင်းကို
အနောက်ကနေသိုင်းဖက်ထားလိုက်ရင်း"ဘာလို့လဲ..ဟင်။ရှောင်းအဝတ်မပါလို့လား"
သူပြောတာပြန်မဖြေတဲ့ရှောင်းကဘယ်
လောက်ရှက်နေမလဲဆိုတာသိ၍"ရှောင်းအဝတ်မပါပေမယ့်..မောင်ပါတယ်
နော်။"ရေချိုးခန်းထဲကထွက်လာလာချင်းအဝတ်
မလဲမိတဲ့သူ့ကိုယ်သူရှောင်းကျန့်အပြစ်တင်
လိုက်မိသည်။
YOU ARE READING
အချစ်ဆုံး