[ Zawgyi ]
သူခရီးထွက်မည့်ကိစ္စကိုမောင့်ကိုပြောမယ်
ပြောမယ်နှင့်မပြောဖြစ်ဘဲနှုတ်ဆိတ်နေတာ
တစ်ပတ်ပင်ပြည့်တော့မည်။ဒီရက်ပိုင်း
အလုပ်များပုံရတာမို့မောင့်ကိုစိတ်ညစ်သွား
မှာစိုးရိမ်လို့နှုတ်ကပြောမထွက်တာလည်းပါ
သည်။ဒီနေ့တော့သေချာပေါက်အသိပေးရမည်။
ညစာစားပြီးမကြာပါဘူး။မောင်ကစားပွဲပေါ်
မှာအလုပ်ရှုပ်နေပြီ။ကော်ဖီပူပူလေးတစ်ခွက်သွားဖျော်ပေးမှပါ
လေ။"မောင်"
လက်ထဲကကော်ဖီခွက်ကိုမောင့်ကိုကမ်းပေး
ရင်းခေါ် တော့အပြုံးတစ်ခုနှင့်ကြည့်ကာ
ဘေးနားရပ်နေသည့်သူ့ခါးပေါ် လက်တင်လာ
သည်။"မောင်အလုပ်ရှုပ်နေတာမလား။မနှောင့်ယှက်
တော့ဘူး။""မောင်မပြောမိပါဘူး။ရှောင်းအနားမှာရှိတာ
မောင်ပိုတောင်စိတ်အေးချမ်းရသေးတယ်။"လက်ထဲကကြွေခွက်လေးကိုစားပွဲပေါ် ရှိ စာရွက်တွေနဲ့လွတ်ရာတင်ထားလိုက်ပြီး
လက်တစ်ဖက်အားသွားသည်နှင့်ရှောင်းကိုယ်
လေးကိုသူ့ပေါင်ပေါ် ပွေ့တင်လိုက်တော့
ဆွေ့ခနဲပါလာ၏ ။"မောင်!!"
"ရှောင်း..သိလားမောင့်ဘဝမှာမင်းကိုပိုင်ဆိုင်
ခွင့်ရတာကကံအကောင်းဆုံးလူသားလို့ခံစား
ရစေတာပဲ။""မောင်ခုလိုတစ်ခါမှမတွေးဖူးဘူးပေါ့။"
"အင်း။ရှောင်းကမောင့်ဘဝရဲ့နောက်ဆုံး
ပန်းတိုင်ပဲ။""ဘာပန်းတိုင်လဲမောင်ရဲ့။"
"အခုကျန်တဲ့အချိန်လေးကိုရှောင်းနဲ့အတူ
တစ်သက်လုံးကုန်ဆုံးရဖို့လေ။"ဗိုလ်မှုးရဲ့ခပ်တိုးတိုးစကားသံ။
ဂန္တဝင်လူသားလေးဆီရောက်နေသည့်
ရီဝေသည့်အကြည့်တွေ။မျက်လွှာချထားတဲ့ချစ်စဖွယ်အမျိုးသား။
အို....ဘယ်လောက်တောင်ရင်ခုန်ကြည်နူးစရာ
အခိုက်တန့်လဲ။
YOU ARE READING
အချစ်ဆုံး