(၂၃)

580 49 4
                                    

[ Zawgyi ]

"မောင် .. ခနနေ ဦးလေးလျင်းစန်းရုံးကပြန်
ရောက်လာလို့ မောင့်ကိုတွေ့သွားရင် .. "

"တွေ့ပါစေ ။မောင်ဂရုမစိုက်ဘူး။"

"အို .. မောင်တော့ဘယ်လိုဖြစ်နေမှန်းမသိ "

တိုးတိုးပြောရင်း ဂန္တဝင်အမျိုးသားလေးက
ခုတင်ပေါ် ဆောင့်အောင့်ထိုင်သတဲ့ဗျ ။

မျက်နှာလေးမြင်ရရင် အစကပြန်မလို့ပါပဲ။
အခုလူမိမှာကြောက်နေတဲ့ ပုံရိပ်လေးတွေ့
လိုက်ရမှစချင်သွားတာနဲ့ မပြန်ဘူးလုပ်တော့
ရှောင်း ကကောက်သတဲ့ဗျာ ။

"ကဲပါ .. မောင် မင်းကိုကျီစယ်နေတာပါ ။
မောင်အခုပြန်တော့မယ်။"

"မပြန်ရင် လိမ်တာအကုန်ပေါ် ကုန်မှာပေါ့"

"ဟုတ်ပါတယ်ဗျ။"

အခန်းတံခါးရောက်နေပြီဖြစ်တဲ့ ဗိုလ်မှုးဝမ်က
ခုတင်နားမှာရပ်ကြည့်နေတဲ့ ရှောင်းကိုပြန်
လှည့်ကြည့်တယ် ။

ရှောင်းမျက်ဝန်းနှင့်ဆုံခိုက် ဗိုလ်မှုးဝမ်က
မျက်ရစ်များမှေးစင်းသည်ထိ ပြုံးပြပြီး
ထိုမျက်ဝန်းများက တောက်ပရွှန်းလဲ့လာ
သလို .. အို ထိုမျက်ဝန်းကတစ်စုံတစ်ရာနှင့်
ပြည့်နှက်နေပြီပေလား ။

___________________________________

"စာအုပ်သာမြန်မြန်ရှာမတွေ့ရင်အတွင်းရေး
မှုးလွီကိုအတင်းဝန်ခံခိုင်းပြီးမင်းကိုပါဆွဲ
ထည့်နိုင်တယ် ။"

"ငါကြိုမှန်းထားပြီးသားပါ အဲ့အတွက်ကပူ
စရာမလိုဘူး သက်သေရတာနဲ့မင်းကူညီရုံပဲ"

"ကောင်းပြီလေ ။မင်းသေချာစီစဉ်ထားရင်
လည်းအဲ့အစီစဉ်ထဲ ပါရုံပေါ့"


ပါးချိုင့်နှစ်ခုထင်းထွက်လာတဲ့ထိနှုတ်ခမ်း
တွန့်ပြုံးရင်း မျက်ခုံးပင့်ပြလျက်ပြောတဲ့
ကျိုးရိလင်း ။

××

"ဦးလေးလျင်း ဝင်ခဲ့လို့ရမလား ။"

စာကြည့်စားပွဲမှာထိုင်နေလျက်က မျက်ခုံး
နှစ်ဖက်လုံးမြင့်တက်သွားတယ် ။

ထူးထူးဆန်းဆန်း ပါလား ။

ရှောင်းကျန့်ဆိုတဲ့တူအရင်းခေါက်ခေါက်က
ဘယ်သောအခါမှ သူနဲ့မရင်းနှီးဘူးသလို
ဒီလို အခန်းတံခါးခေါက်ပြီးစကားပြောဖို့လာ
တယ်ဆိုတာဝေးရော ။

အချစ်ဆုံးWhere stories live. Discover now