[ Zawgyi ]
"ဗိုလ်မှုး အတွင်းရေးမှုးလွီအဆင်ပြေ .. "
ဘာတစ်ခွန်းမျှမဆိုဘဲ မျက်ခုံးတန်းများစု
ကုပ်
နေတဲ့ ဗိုလ်မှုးကရုံးခန်းထဲကိုသာတန်းတန်း
မတ်မတ်လျှောက်သွားတယ် ။"ဗိုလ်မှုး .. အထဲမှာဧည့်သည်ရောက် .. "
ထိုကောင်လေးစကားကိုမကြားလိုက်ပါချေ။
အခန်းထဲရောက်သွားသည့်ဗိုလ်မှုးက
သူ့နေရာမှာအခန့်သားထိုင်ပြီးသတင်းစာ
ထိုင်ဖတ်နေတဲ့ လူကိုမြင်တော့"ဘယ်သူလဲ ဘယ်သူမလို့ .. အဲ့နေရာမှာ.."
"ဟာ ဗိုလ်မှုးဝမ်ကကျုပ်ကိုစိမ်းကားတာ
လား"ဖတ်လက်စသတင်းစာကိုစားပွဲပေါ် ချပြီး
မျက်နှာကိုမြင်ရမှ ဗိုလ်မှုးကခါးထောက်ရင်း
ခေါင်းခါတော့တယ် ။"ရိလင်း မင်းပြန်ရောက်တာဘာလို့မပြော
သလဲ။""မင်းမှမအားဘဲ။နောက်ပြီး ဒီမရောက်ခင်က
သတင်းတွေကြားတယ် .. မင်းမိန်းမယူသွား
ပြီဆို ? ဘယ်မှာလဲ ငါ့ကိုပြ
ဗိုလ်မှုးကတော်လေးကိုကြည့်ဦးမယ် ။""အပိုတွေပြောမနေနဲ့ ။ငါအခုမအားသေး
ဘူး။""မအားလည်းမင်းချစ်ဇနီးလေးအကြောင်း
တော့ နည်းနည်းပါးပါးပြောပါကွ။""ဝန်ကြီးကတော်မြေးက ယောကျာ်းလေး။
ချစ်ဇနီးလေးတော့မဟုတ်ဘူး ။
ချစ်အမျိုးသားလေး။"မျက်လုံးများဝိုင်းသွားပြီး မယုံသလိုကြည့်နေ
တဲ့ ကျိုးရိလင်း ။ဘယ်ယုံမလဲ ။ယွမ်းအကြောင်းသိထားတော့
တစ်ခြားတစ်ယောက်ဖြစ်နေမှန်းရော ၊
ယောကျာ်းတစ်ဦးဖြစ်နေကြောင်းရော ထင်
မှာတောင်မဟုတ်ဘူး။နောက်ပြီး ဝန်ကြီးကတော်မြေးကိုတစ်ချို့က
သိပ်မသိကြဘူး။မိန်းကလေးတစ်ယောက်ပဲ
ရှိ
တယ်လို့သိထားကြတာ ။တစ်ချို့ကလည်း
နှစ်ယောက်လို့ပြောကြတာ မြေးအကြီးမက
ဆုံးသွားပြီး တစ်ယောက်ပဲကျန်ခဲ့တာဆိုပဲ ။"ရိလင်း မင်းငါ့အိမ်မှာပဲတည်းမှာမလား။"
"အင်း။ဒီတစ်ခါကအပြီးပြန်လာတာဆိုတော့
ဒီရက်ပိုင်းတွင်းအိမ်တစ်လုံးရှာရမှာပေါ့
ကွာ။"
YOU ARE READING
အချစ်ဆုံး