(၁၅)

556 65 5
                                    

[ Zawgyi ]

"ဆရာလေး နဲ့ ဂေဟာမှုးရော .. "

"ဘာလို့မေးတာလဲ .. စောနကလေးတင်
မင်းဆရာလေးကထွက်သွားတယ်လေ။"

"ရှောင်းကဘယ်ကိုထွက်သွားတာလဲ။"

ခပ်ဩဩအသံနှင့်လူက လာမေးတဲ့ကလေး
နောက်ကထွက်ပေါ် လာတယ်။

နေ .. နေပါဦး ။ သူတို့ ဂေဟာကဆရာလေး
ကို ဒီလူကဘယ်လိုခေါ် လိုက်တာပါလိမ့် ။

"ဆရာလေးနဲ့ ဘယ်လိုများပတ်သတ်နေ ... "

"အာ ကျွန်တော်က ရှောင်းရဲ့အမျိုးသားပါ။"

အမျိုးသား .. ။

ဘာအဓိပ္ပါယ်လဲ။
မဟုတ်မှ .. ယောကျာ်းနှစ်ဦး .......... ။


"ဆရာလီ ဘာဖြစ်နေတာလဲ။"

"မင်္ဂလာပါ ။ကျွန်တော်ကဖူဝမ်မြို့က
ဗိုလ်မှုးဝမ်ပါ ရှောင်းရဲ့အမျိုးသားပါ။"

"အာ .. ကျွန်မသိပြီ ။ ဗိုလ်မှုးကိုအားနာလိုက်
တာ လေ ။ဒီကဆရာလေးကရောက်တာသိပ်
မကြာသေးတော့ ဗိုလ်မှုးနဲ့ဆရာလေးတို့ရဲ့
မင်္ဂလာသတင်းကိုလည်းသေချာမသိဘူးရယ်
လာပါ ဗိုလ်မှုး ။"

ထိုအမျိုးသမီးခေါ် ရာနောက်လိုက်မသွားဘဲ

"ရှောင်းကဘယ်သွားလဲဗျ ။"

"အာ .. အရင်ဆုံးအထုပ်တွေချဖို့ခေါ် သွား
ပေးမယ်လေ ။ဗိုလ်မှုးတို့များ .. ရောက်ထဲက
ကျွန်မတို့ဆရာလေးကိုမေးနေတော့တာပဲရှင်
"


ထိုစကားကမှန်ပေမယ့် တစ်စုံတစ်ရာကြောင့်
မှ
မဟုတ်ဘဲ ။

ချောင်းဟန့်မိတာကကျန်တဲ့သဘောမပါမှန်း
ကိုယ့်ကိုကိုယ်သတိပေးခြင်းသာ ။

"ချင်းအော!! .. "

အသံလာရာကိုကြည့်လိုက်တော့ ဂေဟာဝန်း
လေးထဲရှိ စားပွဲဝိုင်းလေးမှာစုထိုင်နေကြတဲ့
ကလေးတွေက
ဂေဟာဝန်းထဲတဖြေးဖြေးလျှောက်လာတဲ့
ကလေးတစ်ယောက် နဲ့
ဘေးကအသက်ကြီးကြီးလူကြီးတစ်ယောက်
ရယ် ၊ လူငယ်တစ်ယောက်ဆီရယ်ကိုအပြေး
သွားကြတယ် ။




"ချင်းအော! နောက်ဆုံးတော့ပြန်ရောက်လာ
ပြီပဲ ။"

"မသေပါဘူး ဆရာလေးရဲ့ ။"

အချစ်ဆုံးWhere stories live. Discover now