[ Zawgyi ]
"အချစ်စစ်မှန်ရင်ဖြောင့်ဖြူးတယ်ရယ်လို့
မရှိဘူးတဲ့။"စာအုပ်အဖုံးနှစ်ဖက်ကိုပိတ်လိုက်တဲ့ ဗိုလ်မှုး။
မျက်ဝန်းရှေ့က ဂန္တဝင်အမျိုးသားလေးကို
ငေးကြည့်လို့ ခပ်တိုးတိုးပြောတဲ့စကားဟာ
နှုတ်ခမ်းလှုပ်ရုံအပြုံးထက် မျက်ဝန်းအပြုံး
တို့ပါဝင်နေလျက် ။ပြောရရင် ရွှန်းလဲ့ပြီးတောက်ပနေတဲ့စူးရှရှ
မျက်ဝန်းတွေပေါ့ .." 'William Shakespeare ' ရဲ့အချစ်ကဗျာ
တွေက မောင့်အကြိုက်ဖြစ်သွားပြီ။""အချစ်ကဗျာတွေဖတ်ပြီးပြီဆိုတော့
ဘယ်မိန်းကလေးကိုသွားပိုးပန်းဖို့အဆင်သင့်
ဖြစ်နေပြီလဲ။""မောင့်မှာအခုပိုးပန်းစရာဆိုလို့
မောင့်အိမ်ထောင်ဖက်ဖြစ်တဲ့မင်းပဲရှိတယ်။"တဖြတ်ဖြတ်ခတ်နေတဲ့မျက်တောင်လေးတွေ
နှင်းဆီးခင်းပမာရဲတက်သွားတဲ့ပါးပြင်လေး
နှစ်ဖက် ..မကြာခင်မှာပဲနီတာရဲဖြစ်လာတော့မည့်
နားရွက်ဖျားသေးသေးလေးတွေ ..သူကျီစယ်ရင်ဖြစ်သွားတဲ့ရှောင်းအမူရာလေး
ကို သဘောကျပါ၏ ။အင်း ။ဒီလိုပါပဲ ..... မင်းရှက်တာလေးကို
မောင်သဘောကျလို့ပါ .._________________________________
"ဒီဓာတ်ရှင်ကအခုလူကြိုက်များသဘောကျ
နေကြတာ ။""ရှောင်း ကြည့်ချင်ရင်အဲ့တာပဲရွေးလိုက်
လေ။""မောင်ရော ကြည့်ချင်တဲ့ဟာမရှိဘူးလား။"
"ရပါတယ်။ မောင်က ဓာတ်ရှင်ကြည့်မဲ့လူကို
ပဲ ထိုင်ကြည့်တာပေါ့။"ပြုံးဖြီးဖြီးလုပ်နေတဲ့ ဗိုလ်မှုးဟာမုန်းချင်စရာ။
ဒီနေ့ကျမှ မောင်ဘယ်လိုဖြစ်နေလဲမသိတာ။
စကားကိုဘယ်လိုတွေပြောလို့ပြောနေမှန်းလဲ
မသိဘူး။ဒီမောင်တော့လူကိုဘာမှတ်နေလဲ
မသိ။ချစ်ပါရဲ့ဆိုပေမယ့်အပျော်သဘောလို
ခနတိုင်းလာကျီစယ်နေတာကိုသဘောမကျ
ပါဘူးလေ ..
YOU ARE READING
အချစ်ဆုံး