[ Zawgyi ]
"ယွမ်း ... ကိုယ်ပြောစရာရှိတယ်"
"ဟုတ်။ပြောပါယွမ်းခဏနေပါးခိုင်းထားတာ
သွားယူစရာရှိလို့"ရိလင်းမပြောခင် .. စားပွဲပေါ် ရှိရေခွက်ကိုယူ
ကာ မော့သောက်လိုက်သည်။ထို့နောက် ... မှိုင်းကျနေသလားထင်ရတဲ့
ယွမ်းမျက်နှာလေးကိုမော့ကြည့်မိရင်း ...အားယူတဲ့သဘောငေးမောမိပေမယ့်
မျက်နှာမကောင်းတဲ့ယွမ်းကကြိုသိနေ၍
ထိုသို့ဖြစ်နေသည်လား......"ယွမ်း .. ယွမ်းမှာကိုယ့်ကိုပြောစရာရှိနေ
သလား""ကိုယ်နားထောင်ပေးမှာပါမင်းပြောသမျှ
ဘာမဆိုကို"ခေါင်းငုံ့သွားတဲ့ယွမ်းအနားသို့ကပ်ကာ
မေးဖျားလေးကနေပင့်ယူမော့ကြည့်တော့
မျက်ဝန်းထောင့်မှမျက်ရည်ကြည်ကြည်များ
ဝေ့သီနေသည်ကိုတွေ့ရသည်။"ယွမ်း။ဘာလို့ငိုနေ...."
"ယွမ်းကိုမထိပါနဲ့။ယွမ်း..ယွမ်းမှာ"
"ဘာဖြစ်လဲယွမ်း။ပြောလေကိုယ့်ကို"
"ယွမ်းမှာစေ့စပ်ထားတဲ့ရှိလို့ပဲမောင်ရင်။"
ထိုအချိန်တိတ်ဆိတ်နေသည့်ယွမ်းအစား
သူသိချင်သည့်
အဖြေအားဖြေလာပေးသူက ...."ဒေါ်လေး"
"ရိလင်း .. မင်းသိချင်တာတွေကိုငါဖြေပေး
မယ်။
ယွမ်း..ညည်းခဏနေသွားစရာရှိတယ်
မို့လား။""ဟုတ်"
"အဲ့တာသွားစရာရှိရင်သွားတော့။"
ဒေါ်လေးစကားတိုင်းယွမ်းကတစ်ချက်လှည့်
မကြည့်ဘဲထွက်သွားပေမယ့်
ထွက်မသွားနိုင်သေးသူကကျန်ခဲ့နေရ၏ ။"ယွမ်းမှာစေ့စပ်ထားတဲ့သူရှိတာတကယ်ပဲ
လားဒေါ်လေး။""အမှန်ပဲရိလင်း။အားနာပေမယ့်သူလည်း
မင်းကိုလက်ခံမယ်မထင်ဘူး""ဘာလို့လဲဗျ။"
"သူကိုယ်တိုင်ကအစကလက်မခံဘူးလေ။
ဒါပေမယ့်မင်းအနားကပ်လာရောသူစေ့စပ်
ထားကြောင်းပြောမို့မဟုတ်လား။"
YOU ARE READING
အချစ်ဆုံး