(၂၇)

489 38 9
                                    

[ Zawgyi ]

"ဖွားဖွား ကျေးဇူးပါဗျ။ကျွန်တော့်ကိုခုလို
ကူညီပေးခဲ့လို့ ။"

"မဟုတ်တာ။မင်းကျေးဇူးတင်ချင်ရင်
မင်းအမျိုးသားကိုပဲကျေးဇူးတင်သင့်တယ်။
ငါကဘာမှမလုပ်ခဲ့ဘူး ... သူကသာမင်းလွတ်
ဖို့အကုန်ကြိုးစားပမ်းစားလုပ်နေခဲ့တာ။"

နံဘေးတွင်ထိုင်နေသောရှောင်းကိုကြည့်
မိစဉ် ...

ဟောဗျာ .. မောင့်ကိုအကြည့်လွှဲသွားပါလား။

ရှောင်း တစ်ယောက်ဘာဖြစ်သလဲမသိ။

"ဗိုလ်မှုးတို့နှစ်ယောက်အေးဆေးစကားပြော
ကြပါလေ။ခနနေရင်တော့ညနေစာစားဖို့
လာခဲ့ကြ။"

ဖွားဖွားထွက်သွားတော့ ဘေးမှာငြိမ်ကုပ်စွာ
ထိုင်နေသူ ရှောင်းကထထွက်ဖို့ပြင်တယ်။

ရှောင်း ရှေ့ကိုဗိုလ်မှုးဝမ်ပိတ်ရပ်ကာလက်
နှင့်ကာထားပြီး

"ဘယ်သွားမို့လဲဗျ။"

"ဖွားဖွားနဲ့ညနေစာစားဖို့ပါဗိုလ်မှုးဝမ်။"

"နေဦး"

လှည့်ထွက်သွားသူ ရှောင်းကိုလက်ကောက်
ဝတ်ကပြန်ဆွဲလှည့်တော့ ရင်ခွင်ထဲ
မရောက်ရုံတမယ်ပါလာ၏ ။

ခေါင်းငုံ့ကာဗိုလ်မှုးဝမ်အကြည့်များကို
လွှဲနေသူရဲ့
မျက်တောင်များကတဖျတ်ဖျတ်နှင့် ...။

ထိုအငြိမ်မနေသည့်မျက်နှာလေးအား
မေးဖျားမှညင်သာစွာထိတွေ့လို့ဆွဲမော့လိုက်
သည့်ဗိုလ်မှုးဝမ် ။

"မောင်တမင်အသားယူတာမဟုတ်ဘူးနော်။
ရှောင်း ဘာဖြစ်နေသလဲသိချင်ရုံပါ
မောင့်ကိုစိတ်မဆိုးဘူးဟုတ်"

"အသားယူတာမဟုတ်ရင် အရင်လွှတ်ပြီးမှ
ပြောပါမောင်။"

"အင်း။"

မောင် ဟုခေါ်သံကိုကြားမှသာလွှတ်တော့
သည်။

အစောကဗိုလ်မှုးနေသည်မလား။

"ရှောင်း"

ခေါ်တာကိုကြားရက်နှင့်ထွက်ပြေးသွား
သည့် ရှောင်းဟာသူ့ကိုတမင်လူလည်ကျပြီး
ရှောင်သွားသည်ပဲ။

×××

"သား .. "

"ဟုတ်ကဲ့ဝင်ခဲ့လို့ ရတယ်မား။"

အချစ်ဆုံးWhere stories live. Discover now