(၇)

638 73 4
                                    

[ Zawgyi ]

"မား .. နောက်ကျနေတာပဲ ။"

လက်ထဲကအထုပ်တွေကိုပြောင်းယူရင်းပြော
တော့ မားကခေါင်းငြိမ့်ပြတယ်။

"အင်း ။မားတောင်လက်မှတ်မှားဝယ်မိ
သလားထင်ရတယ် ။
အဲ .. ဒါနဲ့ သားက .. ဖွားဖွားကြီးမြေးဆိုတာ
လား ။"

အခုမှသတိထားမိတဲ့ မားကတစ်ဝကြီးငေး
ကြည့်နေပါ၏ ။

ရှောင်းကျန့် ခေါင်းငြိမ့်ပြရင်း

"ဟုတ်ပါတယ် မား ။"

"တော်တော်ကြည့်ကောင်းပြီးဂန္တဝင်ဆန်တဲ့
အမျိုးသားအလှမျိုးပဲကွယ် .. ။
ဟုတ်တယ်မလား ဗိုလ်မှုး ။"

နောက်ကအထုပ်ဆွဲလျက်ပါလာတဲ့ဗိုလ်မှုး
ကိုလှည့်ကြည့်ပြီးမေးတော့ သူနဲ့မားကို
နားမလည်သလိုရပ်ကြည့်နေတယ် ။

အင် ... ဒီဗိုလ်မှုးကတော့လေ ။
ဘာမေးမှန်းတောင်မသိတဲ့လူပါလားနော် ..။


"သွားကြလေ ။ဘာလို့ရပ်နေကြလဲ .."

ဗိုလ်မှုး​ဝမ်ရဲ့စကားအဆုံး ..

မား နဲ့ သူ တစ်ယောက်ကိုတစ်ယောက်ခေါင်း
ရမ်းပြရင်းသက်ပြင်းချလိုက်ကြတယ် ။



____________________________

ဖွားဖွားကိုအရင်ဝင်နှုတ်ဆက် မယ်ဆိုတဲ့
မားကြောင့်အိမ်အရင်မဝင်ခိုင်းဘဲရှောင်းအိမ်
တော်အရင်ဝင်ပို့ပေးရသည် ။

ကားနောက်ခန်းထဲမှာတော့
'ဗိုလ်မှုးကအဲ့လိုလား ..' လို့ ရယ်သံလွင်လွင်
လေးရောလျက် မေးသံနဲ့ ..
မားရဲ့ သူ့အကြောင်းတွေကိုတစ်သီတစ်တန်း
ကြီးစိတ်ရှည်လက်ရှည်ပြောပြနေသံတွေ ..

အရင်ကတိတ်ဆိတ်နေကျသူ့ဂျစ်ကားလေး
က ယခုမူစကားသံလေးတွေနဲ့ပြည့်နှက်လို့
နေတယ် ။


"စန်းယိ .. ရောက်လာတာစောသားပဲ ။"

"မဟုတ်တာ ဝန်ကြီးကတော်ရယ်..နောက်ကျ
နေတာပါ ။
ဒီ့ထပ်ပိုပြီးစောစောလာခဲ့သင့်တာကို .. "

"ဗိုလ်မှုးလက်ထဲကအထုပ်တွေကို ဝိုင်းသယ်
ပေးလိုက်လေ မြေးရယ် .. ။ရပ်ကြည့်မနေ
နဲ့။"

အချစ်ဆုံးWhere stories live. Discover now