Part 2

512 64 7
                                        

{ Zawgyi }

"ယွန်းနာ ၇နာရီလောက်စောင့်နေမယ် နောက်မကျစေနဲ့နော် ဂျီမင်...."

"အင်းပါ ယွန်းနာရဲ့... ကိုယ်စောစောလာခဲ့မှာပါ ရော့... မုန့်လေးစားလိုက်ဦး..."

ကိတ်မုန့်ပန်းကန်ကို အရှေ့တိုးပေးလိုက်တော့ ယွန်းနာက သူ့ကိုပြုံးပြရင်း ကိတ်မုန့်ကို ဇွန်းလေးနဲ့အသာခပ်ယူရင်းစားလေသည်။ ကိုယ်သဘောကျတဲ့ကောင်မလေးဖြစ်နေလို့လားတော့မသိ။ ယွန်းနာကအစားအသောက်စားနေရင်တောင် လှနေကြည့်ကောင်းနေလေသည်။

ကျောလည်အထိရှည်တဲ့ဆံပင်ကိုခပ်မြင်မြင့်လေးစီးထားပြီ အရုပ်ပုံပါတဲ့တီရှပ်လေးရယ် ဂျင်းစကပ်အနက်ရောက်အတိုလေးဝတ်ထားတဲ့ ယွန်းနာကရိုးရိုးရှင်းရှင်းလေးပြင်ဆင်ထားပေမယ့်လည်း ဂျီမင်ရဲ့မျက်လုံးထဲမှာတော့ နတ်သမီးလေးတစ်ပါးလိုလှနေလေသည်။

ကန်တင်းမှာရှိတဲ့ ယောက်ျားတိုင်းရဲ့မျက်လုံးတွေက ယွန်းနာဆီမှာကျရောက်နေတာကိုတွေ့ရတော့ ဂျီမင် ဘာမဆိုင်ညာမဆိုင်အူတိုမိသွားရလေသည်။ ဒါပေမယ့်လည်း ဒီလိုအချောအလှလေးဘေးနားမှာရှိနေခွင့်ရတဲ့ ကိုယ့်ကိုကိုယ်လည်း ကျေနပ်မိလေသည်။

ထိုအချိန်မှာပဲ ဂျီမင်တို့ထိုင်နေတဲ့ ဆိုင်ထဲကို ဂျီဝန်နဲ့ သူ့ရဲ့သူငယ်ချင်းတွေဝင်လာတာတွေ့လိုက်ရသည်။ ဂျီဝန်သူငယ်ချင်းကလက်တို့ပြီး ပြတာကြောင့် ဂျီမင်နဲ့ယွန်းနာကိုတွေ့သွားခဲ့လေသည်။ အံကိုကြိတ်ကာ စားပွဲလွတ်တစ်လုံးမှာဝင်ထိုင်လိုက်တဲ့ ဂျီဝန်ကိုကြည့်ပြီး ဂျီမင်စိတ်ထဲမှာကျေနပ်နေခဲ့လေသည်။

" ယွန်းနာနှုတ်ခမ်းမှာ ခရင်မ်ပေနေတယ်..."

"ဟုတ်လား ဂျီမင်... ဘယ်နားလေးလဲဟင် "

"ခနလေး ကိုယ်သုတ်ပေးမယ်..."

တစ်ရှူးယူကာ ယွန်းနာရဲ့နှုတ်ခမ်းထောင့်နားလေးမှာပေနေသည့် ခရင်မ်ကိုသုတ်ပေးလိုက်တော့ ဂျီဝန် စားပွဲကိုလက်သီးဆုပ်နှင့်ထုလိုက်တာကိုတွေ့လိုက်ရသည်။ တွေ့လား ဂျီဝန် ယွန်းနာက ငါ့ကောင်မလေးပဲ..။ မင်း မလုချင်စမ်းပါနဲ့ငါ့ညီရာ..။

Twins And MeWhere stories live. Discover now