Part 6

290 50 7
                                    

{ Unicode }

ဒီနေ့တော့ ဂျီမင်ကျောင်းဆင်းသည်နှင့် အိမ်ကိုပဲတန်းပြန်လာခဲ့လိုက်သည်။ ကိုကြီးနဲ့အတူ ညစာစားပွဲတက်ရမယ်ဖြစ်တာကြောင့် အိမ်ပြန်ရောက်သည်နှင့်ခနအနားယူပြီး ရေချိုးလိုက်သည်။ ရေချိုးပြီး ဗီရိုဖွင့်ကာ ဘာများဝတ်ရင်ကောင်းမလဲလို့တွေးနေမိသည်။

ဒီလိုပွဲမျိုးဆိုတာက အနောက်ဝတ်စုံဝတ်ပြီးတက်သင့်သည်မလား။ ခက္တာက ဂျီမင်မှာ အနောက်တိုင်းဝတ်စုံကောင်းကောင်းမရှိပေ။ ရှိသည့်ဝတ်စုံများက အခုလိုပွဲမျိုးနှင့်သိပ်မလိုက်ဖက်တာကြောင့် ဂျီမင် စိတ်ညစ်နေရသည်။ ဂျီမင်တစ်ယောက် ဗီရိုထဲကအဝတ်တွေထိုင်ဖွနေတုန်းမှာပဲ ဖုန်းဝင်လာတာကြောင့်ကြည့်လိုက်တော့ ကိုကြီးဆက်တာဖြစ်နေလေသည်။

" ဂျီမင်ရေ ကိုကိုလာခေါ်နေပြီနော်... ပြင်ဆင်ပြီးပြီလား..."

" ဟုတ် ကိုကြီး... ကျွန်တော်ရေတော့ချိုးပြီးသွားပြီ ခက္တာက ကျွန်တော့မှာအနောက်တိုင်းဝတ်စုံကောင်းကောင်းမရှိဘူး..."

" စိတ်မပူနဲ့ ကိုကို စီစဉ်ထားတယ်... ကိုကိုရောက်တော့မှပဲအဝတ်အစားလဲလိုက်ပေါ့..."

" ဟုတ်ကဲ့..."

ကိုကြီးဖုန်းချသွားတာနှင့် ဂျီမင်လည်း အိမ်နေရင်းဝတ်စုံလေးခနလဲပြီး အိမ်ရှေ့မှာကိုကြီးကိုထိုင့စောင့်နေလိုက်သည်။သိပ်မကြာခင်မှာပဲ ကိုကြီးရဲ့ကားရောက်လာလေသည်။ အနက်ရောင်အနောက်တိုင်းဝတ်စုံကိုဆင်မြန်းထားသည့် ကိုကြီး ကားပေါ်ကဆင်းလာတာကို ဂျီမင်ငေးကြည့်မိသွားသည်။

နှင်းခဲလေးကိုအသားဆွတ်ဆွတ်ဖြူနေသည့် ကိုကြီးက ဘာပဲဝတ်ဝတ်လိုက်ဖက်ပေမယ့်လည်း အခုလိုအနက်ရောင်ဝတ်ထားရင် ပိုပြီးတော့ကြည့်ကောင်းလေသည်။

" ဘာတွေငေးနေတာလဲ ရော့... အကျႌသွားလဲလိုက်ဦး..."

" ဟီး... ဟုတ် "

သူခိုးလူမိသလိုဖြစ်သွားတဲ့ ဂျီမင်တစ်ယောက် ကိုကြီးကိုသွားဖြဲရယ်ပြရင်း ကိုကြီးပေးတဲ့ဝတ်စုံကိုယူကာအခန်းထဲဝင်ခဲ့လိုက်သည်။ မှန်ထဲတွင်ပေါ်နေသည့် သူ့ပုံရိပ်ကိုကြည့်ပြီး ဂျီမင်သဘောကျနေမိသည်။ ကိုကြီးဟာ သူ့ရဲ့ကိုယ်တိုင်းကိုဘယ်လိုများသိသွားလဲမသိ။ အခုတော့ ကိုကြီးဝယ်လာပေးတဲ့ ခဲရောင်အနောက်တိုင်းဝတ်စုံလေးဟာ ဂျီမင်ကိုယ်လေးနှင့်ကွက်တိကျပြီး ကြည့်ကောင်းနေလေသည်။

Twins And MeTempat cerita menjadi hidup. Temukan sekarang