{ Unicode }
အတော်ကြာ ငိုထားတာကြောင့် ဂျီမင်နဲ့ မျက်နှာဖောင်းဖောင်းလေးဟာ နီရဲနေခဲ့လေသည် ။ အခုထိ မျက်ရည်စလေးတွေကျန်နေသေးတာကြောင့် တစ်ရှူးလှမ်းပေးတော့ ယွန်းဂီ ကိုမကြည့်ပဲနဲ့လှမ်းယူပြီး ခေါင်းငုံ့ကာ မျက်ရည်တွေသုတ်နေရှာလေသည် ။
" ကိုကို ဖုံးကွယ်ထားဖို့ မရည်ရွယ်ပါဘူး.... ဖြစ်နိုင်ရင်တော့ ဒီ အမှန်တရားကို ဘယ်တော့မှ မသိစေချင်ခဲ့တာ...."
" ကျွန်တော်တို့ ဒီအကြောင်းကို ဂျီဝန်ကို မပြောပဲနေကြရအောင်...."
" ကိုကိုကဖြစ်နိုင်ရင် ဂျီမင် ကိုပါမသိစေချင်တာ...."
" အခုသိသွားတော့ ကျွန်တော် ကိုကြီးကိုအရမ်းအားနာမိတယ် ပြီးတော့ .... ကျွန်တော်လေ အရာအားလုံး အတွက် တောင်းပန်ပါတယ်...."
ထိုင်နေရာကနေ ကြမ်းပြင်ပေါ်ဆင်းပြီး ဒူးထောက် တောင်းပန်နေသည့် ဂျီမင်ကြောင့် ယွန်းဂီ ချက်ချင်းပင် ဆွဲထူလိုက်မိသည် ။
" ဘာတောင်းပန်စရာလိုလို့လဲ ငယ်လေးရယ်... ထ ထ "
" ဟင့်အင်း ကိုယ့်အခြေအနေကိုယ်မသိပဲ ကိုကြီးအပေါ်မှာ ဆိုးခဲ့မိတာ ကျွန်တော် တောင်းပန်ပါတယ်...."
" ဂျီမင်.... နောက်တစ်ခါဆို အဲ့လိုစကားမျိုးလုံးဝမပြောနဲ့ ကိုကို အဲ့လိုပြောတာမျိုး လုံးဝမကြိုက်ဘူး..... ဂျီမင်ရော ဂျီဝန်ရောက ကိုကို့ရဲ့ညီလေးတွေ ကိုကိုရဲ့သွေးသားတွေ အဲ့တာကြောင့် နောက်တစ်ခါ အဲ့လိုစကားကိုဘယ်တော့မှမပြောနဲ့ကြားလား...."

YOU ARE READING
Twins And Me
Fanfiction" မင်ဂျီမင်...မင်ဂျီဝန်.. !! " "ဗျာ...""ဗျာ..." "ဗျာ ကိုနောက်မှာထားပြီး လူတွေကအခုချက်ချင်းငါ့ရှေ့လာခဲ့စမ်း...." " မင်ဂျီမင်...မင်ဂျီဝန်.. !! " "ဗ်ာ..." "ဗ်ာ..." "ဗ်ာ...ကိုနောက်မှာထားပြီး လူတွေကအခုချက်ချင်းငါ့ရှေ့လာခဲ့စမ်း...."