{ Unicode }
ယွန်းဂီ အိပ်ရာစောစောထသော်လည်း ဂျီမင်က သူ့ထပ်အရင် မနက်စာချက်ပြုတ်ရန်ပြင်ဆင်နေတာကို တွေ့လိုက်ရသည် ။ ဒီကလေး ညရောအိပ်ရဲ့လား ။ မျက်နှာလေးက တစ်ရက်တည်းနဲ့ချောင်ကျနေသလိုပဲ ။
" ဂျီမင် ညကအိပ်ရောအိပ်ရဲ့လား...."
ယွန်းဂီရဲ့အသံကြောင့် မုန်လာဥလှီးနေတဲ့ ဂျီမင်ရဲ့ကိုယ်လေး တုန်ပြီးလန့်သွားလေသည် ။
" ကျွန်တော်ကြောင့်နိုးလာတာလားဟင်.... "
" မဟုတ်ပါဘူး... ဒီအချိန်ကပုံမှန်ထနေကြလေ...."
" ဒီနေ့ကျွန်တော်ချက်မှာမို့လို့ ခနလောက်ပြန်အိပ်လိုက်ဦးလေ...."
" ရပါတယ် အိပ်ရေးဝနေပါပြီ ဂျီမင်သာ ခနပြန်သွားအိပ်လိုက် .... ညကလည်း တော်ရုံနဲ့မအိပ်ထားတာကို...."
" ရပါတယ်... ကျွန်တော် အိပ်ရေးဝနေပါပြီ....."
လှီးလက်စ မုန်လာဥကိုဆက်လှီးရန်ပြင်နေသည်ဘ ဂျီမင်လက်ထဲက ဓားကို ယွန်းဂီလှမ်းယူလိုက်ပြီး
" စကားနားထောင် ဂျီမင် ပြန်သွားအိပ် သွား...."
ယွန်းဂီ အသံမာမာနဲ့ပြောလိုက်မှ ဂျီမင်မျက်နှာငယ်လေးနှင့် လက်ဆေးပြီး မီးဖိုခန်းထဲမှ ထွက်သွားရန်ပြင်လိုက်လေသည် ။
" ကျွန်တော့်ကို စိတ်ဆိုးနေသေးလားဟင်...."
ESTÁS LEYENDO
Twins And Me
Fanfic" မင်ဂျီမင်...မင်ဂျီဝန်.. !! " "ဗျာ...""ဗျာ..." "ဗျာ ကိုနောက်မှာထားပြီး လူတွေကအခုချက်ချင်းငါ့ရှေ့လာခဲ့စမ်း...." " မင်ဂျီမင်...မင်ဂျီဝန်.. !! " "ဗ်ာ..." "ဗ်ာ..." "ဗ်ာ...ကိုနောက်မှာထားပြီး လူတွေကအခုချက်ချင်းငါ့ရှေ့လာခဲ့စမ်း...."