Part 23

242 27 12
                                    

{ Unicode }


ကုမ္ပဏီရောက်ကတည်းက တစ်ချက်မှတောင် မနားရသေးပဲ ဖုန်းတွေပဲတောက်လျှောက်ဖြေနေရလေသည်ရှယ်ယာဈေးကျသွားတာကြောင့် ဒါရိုက်တာတွေရဲ့အပြစ်တင်မှုတွေကိုလည်း အကုန်လုံးတာဝန်ယူပြီးဖြေရှင်းပေးမည်ဖြစ်ကြောင်း ရှင်းပြသေးသည်

သူဘယ်လောက်ပင် တားဆီးပါစေ တက်လာတဲ့သတင်းတွေက မရပ်မနားပင်ကုမ္ပဏီမှာကိစ္စအားလုံးကိုဖြေရှင်းနေရင်းနဲ့ အိမ်ကိုလည်းလှမ်းစိတ်ပူမိသေးသည် ။ ဂျီမင်တို့ရော အဆင်ပြေကြရဲ့လား ဂျီဝန်သိပြီးတော့ ဘယ်လိုတွေဖြစ်နေကြလဲဆိုတာ သိချင်မိသည်သို့ပေမယ့်လည်း အိမ်ကိုဖုန်းလှမ်းဆက်နိုင်အောင် သူအလုပ်တွေများနေခဲ့သည်

" ဒီအတိုင်းတော့ မဖြစ်တော့ဘူး သတင်းစာရှင်းလင်းပွဲလုပ်ဖို့ အမြန်ဆုံးစီစဉ်ထားလိုက်တော့...."

" ဟုတ်ကဲ့ပါ ခင်ဗျ...."

အတွင်းရေးမှူးထွက်သွားတော့ ယွန်းဂီ မျက်မှန်ကိုချွတ်ပြီး မျက်ရိုးတွေကို လက်နဲ့အသာနှိပ်လိုက်သည်ဒီလိုဖြစ်မယ်ဆိုတာ ကြိုတင်တွေးထားခဲ့ပေမယ့် အခုလို မြန်မြန်ဆန်ဆန်ဖြစ်လာမယ်လို့တော့ မထင်ခဲ့ပေ

သူ့အတွက်တော့ ဒီလိုဖြစ်လာတာကိုတစ်မျိုးတော့ကျေနပ်မိသည် ။ အခုဆိုရင် သူနဲ့ဂျီမင်အကြောင်းကို အားလုံးဖွင့်ထုတ်ပြောပြီး ပွင့်ပွင့်လင်းလင်းတွဲနိုင်တော့မှာဖြစ်သောကြောင့်ဖြစ်သည်

Twins And MeWhere stories live. Discover now