{ Unicode }
မနက်မိုးလင်းကတည်းက ယွန်းဂီ စိတ်တွေလှုပ်ရှား တက်ကြွနေခဲ့လေသည် ။ ဒီနေ့ ဂျီမင် ကိုဖွင့်ပြောရန် စိတ်ကူးထားတာကြောင့် ယွန်းဂီရဲ့ ရင်ခုန်သံတွေက ထိန်းမရပေ ။ မနက်အိပ်ရာထကတည်းက စိတ်တွေပျော်ရွှင်နေခဲ့တာကြောင့် မနက်စာချက်ရင်း သီချင်းတစ်ပုဒ် ခပ်တိုးတိုးဆိုမိလေသည် ။ အကြောင်းအရင်း မသိရှာတဲ့ ဂျီမင်ကတော့ သူ့ကို အံ့ဩသလို ကြည့်နေတာကြောင့် ယွန်းဂီ ရယ်မောရင်း ဂျီမင်ရဲ့ပါးဖောင်းလေးကိုဆွဲညှစ်လိုက်သေးသည် ။
ပါးကိုအညှစ်ခံလိုက်ရတာကြောင့် ဂျီမင် မျက်နှာလေး ရှက်သွေးတွေနှင့်နီရဲသွားခဲ့လေသည် ။ ချက်ချင်းပင် ယွန်းဂီ ကိုကြည့်နေရာကနေ အကြည့်လွှဲပြီး ကြက်ဥကို အသည်းအသန်ခေါက်နေတာလေးက အူယားစရာကောင်းလှလေသည် ။ စောင့်နေပါ ဂျီမင်လေးရေ ဒီနေ့ကစပြီး မင်းလေးကို ကိုယ့်အပိုင်ဖြစ်အောင် ကြိုးစားတော့မှာမို့လို့ပေါ့ ဟုစိတ်ထဲကနေ ပြောလိုက်မိသေးသည် ။
" ကိုကြီး ဒီနေ့ စိတ်ပျော်နေပုံရတယ်...."
ဘယ်လောက်တောင် ပျော်နေလဲဆိုတာ ဂျီဝန်ကတောင် ထိုသို့မေးယူရလောက်တဲ့အထိတောင်ဖြစ်သည် ။
" ဒီလိုပါပဲကွာ.... ဒါနဲ့ ဒီနေ့ ကိုကြီးနဲ့ဂျီမင် အလုပ်လေးရှိလို့ အပြင်မှာပဲစားလိုက်တော့မယ်.... ဂျီဝန် တစ်ခုခုဝယ်စားလိုက်နော်... ရော့ မုန့်ဖိုး "
YOU ARE READING
Twins And Me
Fanfiction" မင်ဂျီမင်...မင်ဂျီဝန်.. !! " "ဗျာ...""ဗျာ..." "ဗျာ ကိုနောက်မှာထားပြီး လူတွေကအခုချက်ချင်းငါ့ရှေ့လာခဲ့စမ်း...." " မင်ဂျီမင်...မင်ဂျီဝန်.. !! " "ဗ်ာ..." "ဗ်ာ..." "ဗ်ာ...ကိုနောက်မှာထားပြီး လူတွေကအခုချက်ချင်းငါ့ရှေ့လာခဲ့စမ်း...."